Part-16(Final)

8.3K 379 22
                                    

စာမေးပွဲဖြေဖို့ နှစ်ပတ်အလို...
အတန်းငယ်လေးတွေ ကျောင်းပိတ်ပြီ..
ဆယ်တန်းကလေးတွေလည်း self study ရပြီ....
ခွဲခွာရတော့မယ့် တစ်နေ့....

အတန်းထဲမှာ နှုတ်ဆက်ပွဲ တွေ လုပ်ကြတယ်...
ဆရာ ဆရာမတွေကို ကန်တော့ကြတယ်...
ထိုနေ့က အေးမြအတွက် ဝမ်းနည်းရဆုံး....

သိပ်ချစ်တဲ့ တီချယ်နဲ့ အရင်လို မတွေ့ဖြစ်ရတော့ဘူး.
အခေါ်အပြော သိပ်မရှိတော့တဲ့ တီချယ့်ကြောင့်...
ဒီစာသင်နှစ်က အေးမြအတွက် ပျော်ရွှင်စရာကို စိတ်နာစရာရော ရောထွေးနေတယ်...
ဘာလိုတွေ ဖြစ်နေပါတယ်လေ...
တီချယ်က တီချယ်ပါပဲ....
ကန်တော့တဲ့ ချိန်မှာတော့ အေးမြစိတ်ပါပါ ကန်တော့ခဲ့ပါတယ်....
အေးမြကို ကြည့်နေတဲ့ တီချယ့်မှာ လည်း မျက်ရည်အဝိုင်းသားပါပဲ.....

ချို:"အေးမြ ငါနဲ့ ‌လက်ပံပင်ကြီးအောက် ခဏလိုက်ခဲ့ပါလား"

အေးမြ:"အင်း"

လက်ပံ‌ပင်အောက်ရောက်တော့...
ချိုက အေးမြကို ဒူးထောက်ပြီး
လက်စွပ်လေး တစ်ကွင်းစွပ်ပေးတယ်...
အေးမြကတော့ ကြောင်တောင်တောင် ဖြစ်နေမိတယ်

ချို:"အေးမြ...ငါနင့်ကို ချစ်မိနေတာ သုံးနှစ်ရှိပြီ...
အခု ဖွင့်ပြောချိန် တန်ပြီ ထင်လို့ပါ...
ငါ့ရဲ့ အချစ်ကို လက်ခံပေးပါနော်.."

ဒီနေ့ဆရာကန်တော့ပွဲပြီးချိန်..နှင်းလိုပဲ
ကလေးငယ်ရဲ့မျက်ဝန်းအိမ်မှာလည်း မျက်ရည်လေး လွှမ်းခြုံနေတယ်...
နှင်းတကယ် စိတ်မကောင်းဖြစ်မိတယ်....
မဖြစ်လာသေးတဲ့ ရှေ့ရေးအတွက်ဆိုပြီး...
ပစွုပ္ပန်မှာနှစ်ယောက်သား ဝမ်းနည်းနေရတာ...
ဒီကြားထဲ ဇာတ်လမ်းလေးတစ်ခုက နှင်းကို
သင်ခန်းစာပေးလိုက်ပြန်တယ်...
ရှေ့တပတ်လောက်က ချောစုကို စကားချို ဖွင့်ပြောတယ်...
ချောစုလည်း နှင်းလိုပဲ တွေဝေမိလို့နဲ့တူပါရဲ့...
ဟိုကလေးမလေးကို မုန်းအောင် ပြောဖြစ်တယ်...
စကားချို‌ကလည်း အေးမြသူငယ်ချင်းပဲ
ဇ တော့ရှိရှာတယ်...
တီချယ်လွင် တကယ် မချစ်နိုင်ဘူး ဆိုရင်
ထွက်သွားပေးပါ့မယ် ဆိုပြီး ကားလာတဲ့
တည့်တည့်ကို အတိုက်ခံလိုက်တာ..
ခုထိ သတိပြန်မလည်သေးရှာ‌ဘူး...
ဒါတွေထက် ပိုခံစားနေရတာ တီချယ်လွင်...
မစားနိုင် မအိပ်နိုင် ဆေးရုံမှာ ပဲ စောင့်ပေးနေရှာတယ်
တကယ်တော့ ချစ်တယ်ဆိုတဲ့ အရာက မျိုသိပ်ထားလို့ကောင်းတဲ့ အရာ မဟုတ်ပေဘူး...
ဖွင့်ပြောသင့်ရင်ပြောရမယ်...
ဒါဟာ သင်ခန်းစာ....
ဟန်ဆောင်မှု ဆိုတာ ခဏတာ အတွက်ပဲကောင်းပေမဲ့
ကိုယ့်စိတ်ကိုယ်တော့ ထာဝရ မွန်းကြပ်စေတယ်...
ဒါကြောင့် ဒီအခိုက်အတန့်တွေကို နှင်းရပ်တန့်ပစ်တော့မယ်...
နှင်း ကလေးငယ်နောက်လိုက်သွားမိတော့..
မြင်လိုက်ရတဲ့ ဒီမြင်ကွင်းမှာ ကိုယ့်နှလုံးသားကို ကိုယ်တိုင်ဓားနဲ့မွှန်းနေရသလား ခံစားမိတယ်...

တီချယ့်ကိုမှ ချစ်မိနေပါပြီ Uni+Zawgyi(Complete)Where stories live. Discover now