Part-4

7K 408 14
                                    

နှင်းရင်ခွင်ထဲမှာ တချက် တချက် ရှိုက်သံများ ထွက်ပေါ်ကာ ကလေးငယ်လေးပမာ ငိုနေရှာသော အေးမြ။

အချိန်အနည်းငယ်ကြာ ငိုပြီးတဲ့ နောက်....

အေးမြ:"ကျေးဇူးတင်ပါတယ် ဆရာမ၊ သမီးဘဝမှာ
ဒီလိုမျိုး ခိုလှုံစရာနွေးထွေးတဲ့ရင်ခွင်လေးမရှိခဲ့ပါဘူး
အခုလို ခဏတာ ခိုလှုံခွင့်ပေးလို့ အရမ်းကျေးဇူးတင်ပါတယ်၊ မိုးချုပ်နေပြီ မို့ ဆရာမ ပြန်လိုက်ပါတော့၊ အိမ်လဲနီးနေပြီပဲ သမီးလမ်းလျှောက် ပြီးတော့ သွားလိုက်တော့မယ်"

လွယ်အိတ်ကို လှမ်း‌ဆွဲပြီး ကားပေါ်ကဆင်းသွားသည့် အေးမြကြောင့် နှင်းမှာ ဝမ်းနည်းမှု များဖြင့် နောက်ကျောပိုင်ရှင်လေးကို‌ကြည့်နေမိသည်။

နှင်းmind: ဒီကလေးမလေးက နားလည်ဖို့တော့ ခက်သားပဲ၊ ဒါလည်း သူ့ စိတ်ဒဏ်ရာတွေကြောင့်ဖြစ်မှာပါလေ၊ ရှေ့လျှောက် ထိန်းကြောင်းပေးဖို့ကတော့
ကြိုးစားရအုံးမှာပေါ့

တွေးရင်း အိမ်ပြန်ခဲ့တယ်။

နှင်း :"ကဲ...ဒီနေ့ရေသည်ပြဇာတ်သင်မယ်နော်"
ကလေးများ:"ဟုတ်"

နှင်း စာသင်ချိန် တစ်ချိန်လုံး ဟိုကလေးမ အိပ်ငိုက်နေသည်။
နှင်း ဒေါသထွက်မိသည်။သို့သော် ထိုကလေးရဲ့ စိတ်ခံစားချက်ကို သိထားသည်မို့ ဒေါသကိုမနည်းထိန်းချုပ်နေရသည်။
နှင်း ကလေးများကို စာရေးခိုင်း ထားသည်။
ဟိုကလေးမကတော့ ယခုထိ မေးထောက်လျက် ငိုက်နေဆဲပင်။
နှင်း ဒေါသတွေ မထိန်းနိုင်တော့သည့်နောက် ထိုကလေးမ အနားသို့ သွားခဲ့မိသည်။

နှင်း:"ဝေ့...."
ခုံစောင်းကိုပေတံနှင့် ခေါက်ကာ နိုးလိုက်သည်။
သို့သော် မနိုးသေး။
နှိုးလို့မရသည့်အဆုံး နှင်းကိုင်ထားသည့် မြန်မာစာ စာအုပ်ကြီးကို ခုံပေါ်စောက်ချလိုက်သည်။

"ဒုန်းးးး...."
နှင်းရဲ့ အသံကြောင့် အေးမြလန့်ကာ လက်ပေါ်က‌ပြုတ်ကျသွားသည့် ခေါင်းလေး၊

အေးမြ:"အား...."
ခုံနဲ့စောင့်သွားသော နှာဖူးလေးအား လက်ဖြင့် အသာလေးပွတ်နေသည့် အေးမြ။

နှင်း:"ဘယ်လိုတောင် ဣန္ဒြေမရှိ၊ သိက္ခာ မရှိနဲ့ အိပ်ပျော်နေရတာလည်း ကလေးမ၊
အခုမှ နံပါတ်၁အချိန်ပဲ ရှိသေးတယ် အိပ်ချင်တယ်ဆိုလည်း အစောကတည်းကကျောင်းမလာဘဲ အိမ်မှာအိပ်နေပါ့လား"

တီချယ့်ကိုမှ ချစ်မိနေပါပြီ Uni+Zawgyi(Complete)Where stories live. Discover now