Part-11

6.8K 383 26
                                    

အေးမြ:"ဒါဆို တီချယ်က သမီးကို ချစ်တယ်ပေါ့နော်"

နှင်း:"ချစ်တယ်လို့လည်း မပြောမိပါဘူး ရော်.."

အေးမြ:" တီချယ်ရာ...မညစ်နဲ့ကွာ"

နှင်း :"မညစ်ဘူး...ညနေကပဲ ရေချိုးထားတာ....
ပြန်တော့ မယ်....အိပ်ငိုက်နေပြီ.."

နှင်း‌ကိုပွေ့ချီလိုက်တဲ့ အေးမြ..

‌နှင်း:"ပြန်ချပေးး!!!!"

အေးမြ:"နားစည်ပါကွဲတော့မယ် တီချယ်ရယ်..
တီချယ်အိပ်ငိုက်နေတယ် ဆိုလို့ အိမ်ပြန်ပို့ပေးမလို့"

နှင်း:"တို့ ဘာတို့ လမ်းလျှောက်နိုင်တယ်...
လွှတ်ကွာ.."

အေးမြ:"အဲ့တာဆို ချစ်တယ်ပြော...လွှတ်ပေးမယ်"

နှင်း:"တီချယ့်ကို ကတိ သုံးခုပေးရင် ချစ်တယ်ပြောမယ်"

အေးမြ:"ဟုတ် ပေးတယ် ပေးတယ်"

နှင်း:"ဘာကတိလဲ တို့ မပြောရသေးဘူးလေရော်"

အေးမြ:"အော်...ဟုတ်သား၊ အဲ့တာဆို တီချယ်ပြော."

နှင်း:"အိမ်မှာရှိတဲ့ အချိန်ကလွဲရင် ကျန်တဲ့ ချိန်အကုန်လုံးကို ဆရာမ တစ်ယောက်လိုပဲ သတ်မှတ်ပြီး ဆကဆံရမယ်..
နောက်တစ်ခုက တီချယ့် စကားကို တသွေ မတိမ်း
လိုက်နာရမယ်..တီချယ် ကိုယ့်ချစ်သူကို
မရိုက်ချင်ဘူး..."

အေးမြ:"ဟီးဟီး...
ဟုတ်ကဲ့ပါ သန့်အမျိုးသမီးလေးရယ်..
ချစ်တယ် ပြောလို့ ရပြီလား"

နှင်း:"အင်း ဒီက ပေတေတေ ကလေးမကို
ဟောဒီက တီချယ်က သိပ်ချစ်ပါတယ်လို့...
ရပြီလား..."

အေးမြ:"အိုး....အရမ်းချစ်လိုက်တာ တီချယ်ရယ်"

ချီထားတဲ့ နှင်းကို အာဘွားပေးဖို့ အလုပ်...
တီချယ်က အေးမြရဲ့ လက်မောင်းကို စိပ်လိုက်တယ်.

အေးမြ:"အား...တီချယ်ကလည်း...
ချစ်တာတောင် ကောင်းကောင်း ချစ်လို့မရဘူးလား"

နှင်း:"ကတိကို ဖြတ်လို့ အပြစ်ပေးတာ...
ဒါ လမ်းမပေါ်မှာလေ...အိမ်မှ မဟုတ်တာ"

အေးမြ:"အော်...ဟီးဟီး ဟုတ်သားပဲ..
အိမ်ထိတော့ ချီသွားမယ်နော်..."

တီချယ့်ကိုမှ ချစ်မိနေပါပြီ Uni+Zawgyi(Complete)Where stories live. Discover now