Part-12

6.5K 354 11
                                    

နှင်းမေမေ:"သမီးလေးရေ...
ထည့်စားနော် အားမနာနဲ့
သမီး‌ရဲ့ဖေဖေနဲ့ သမီးတီချယ်ရဲ့ဖေဖေက
အရမ်းခင်ကြတာ...
ကိုယ့်အိမ်လိုသဘောထားနော်.."

နှင်း:"မေမေရယ်...အဲ့လောက်ဂရုစိုက်မနေပါနဲ့...
သူက ကလေးလည်း မဟုတ်ဘူး
ကိုယ့်ဘာကိုယ်ထည့်စား ...ကြားလား ကလေးမ"

အေးမြ:"ဟုတ်ကဲ့တီချယ်...
တီချယ်ပြောတာလည်း ဟုတ်ပါတယ် မေမေရဲ့"

မေမေ လို့ခေါ်လိုက်တာ ဘာများမှားလို့လဲ...
တီချယ်က ခုံအောက်ကနေ အေးမြပေါင်ကို
လာဆွဲစိပ်တယ်လေ...

အေးမြ:"အားးးး"

နှင်းမေမေ:"ဘာဖြစ်တာလဲ သမီးလေး"

အေးမြ:"မေမေ့ရဲ့သမီးပေါ့...
သမီးက အန်တီ့ကို မေမေလို့ခေါ်တာ ပေါင်ကို
လာဆွဲစိပ်နေတယ်.."

နှင်းမေမေ:"ဟော်....သမီး
ဘာလို့ကလေးကိုသွားစိပ်တာတုန်း....."

နှင်း:"မေမေကလည်း သူက ပိုင်ဆိုးပိုင်နက်နဲ့...
သူများမေမေကို မေမေလို့ခေါ်တာကိုးးး"

နှင်းမေမေ:"ဟယ်...သမီးကလည်း ကလေးလေးကျနေတာပဲ...မေမေကလေ သားလေးရှိရင်တောင်
အေးမြလေးကို ချွေးမတော်ချင်တာ..."

ထိုကလေးမ ပြုံးစိစိဖြစ်နေတာကို နှင်းသိသည်...
တကယ်ပဲ လူပါးဝတဲ့ရုပ်လေးနဲ့ ...
ဘေးမှာ ရေသန့်ဗူးကလည်း အရန်သင့်လိုလိုပဲရှိနေတော့..
မေမေရှေ့မှာမို့ စိတ်ကို မနည်းထိန်းထားရတယ်...

နှင်းမေမေ:"ကဲ...သမီးတို့အေးဆေးစားကြအုံး..
မေမေ အပြင်မှာ လုပ်စရာလေးရှိ‌သေးလို့"

နှင်း&အေးမြ:"ဟုတ် မေမေ"

အသံလေးက ပြိုင်တူဖြစ်သွားတော့...
နှင်းက အေးမြကို မျက်စောင်းလေးထိုးပြန်ရော...

မေမေထွက်သွားတော့...
နှင်းက အေးမြရဲ့ ဗိုက်ခေါက်ကို လာလိမ်ဆွဲတယ်လေ...

အေးမြ:"အား...မေမေရေ...မေမေ့သမီး အနိုင်ကျင့်နေတာ..."

အေးမြက အော်တတ်နေလို့ နှင်းက အေးမြပါးစပ်ကိုလက်နဲ့ လိုက်အုပ်နေရရှာတယ်...

နှင်းမေမေ:"မိနှင်း...ဘာလို့ ကလေးကို အနိုင်ကျင့်နေတာလဲ..."

နှင်း:"အယ်...မေမေ မသိဘူးနော်...
ဒီကလေးမ ဆိုးနေတာ..."

တီချယ့်ကိုမှ ချစ်မိနေပါပြီ Uni+Zawgyi(Complete)Where stories live. Discover now