Part-9

6.8K 385 33
                                    

"ဒေါက်‌..ဒေါက်"

နှင်း:"ဘာပြောမလို့လဲသမီး"
ရေချိုးခန်းလေးထဲက
ခေါင်းလေးထွက်လာတဲ့တီချယ်...

မျက်နှာလေး ပေါ်မှာတွဲခိုနေတဲ့ ရေစက်လေးတွေကို
အေးမြ မနာလို ဖြစ်မိတယ်.....

အေးမြ:"ဟိုလေ...တီချယ် ရေချိုးပြီးရင်ဝတ်ဖို့အကျီ...."

နှင်း:"ပေး...ပေး..."

အေးမြရဲ့ T shirtပွပွ နဲ့ JJဘောင်းဘီလေး တစ်ထည်

‌တီချယ် ရေချိုးပြီးနောက်...
တီချယ်က ဘယ်လိုပဲ ဝတ်ဝတ် အရမ်းဖို့ကောင်းတယ်
ခုတောင်မှ ဆယ်ကျော်သက်အရွယ်လေးလိုပဲ....
မိန်းမချင်းတောင် ပြန်ငေးရတယ် တီချယ်ရယ်...

နှင်း:"သမီး ဘာလို့ အဲ့လောက်တောင်ကြည့်နေတာ‌တုန်း
တီချယ်တောင် မနေတတ်တော့ဘူး"

အေးမြ:"အော်...တီချယ်က ဒီလိုလေးနဲ့လည်း
ချစ်ဖို့ကောင်းနေလို့ပါ.."

နှင်း:" ဟဲဟဲ....တီချယ်လည်း ဒီလို တစ်ခါမှ မဝတ်ဖူးဘူး
ထမီပဲ အမြဲဝတ်နေကြဆိုတော့ တစ်မျိုးလေးပဲ..
ဒါနဲ့ သမီး ဘာရပ်လုပ်နေတာလဲ...
စာလုပ်မယ်...ဒီမှာ လာထိုင်လေ.."

အေးမြ:"ရှင်...တီချယ်...ဟိုဟာလေ"

ဒီကလေးမ ထိုင်လို့မရဘူးဆိုတာ
နှင်းသိတာပေါ့...
သနားတော့ သနားမိပါတယ်...
ဒါပေမဲ့ ဒင်းလေးက အဲ့လိုလေး နှိပ်ကွပ်ထားမှ
မ.ယ.က ဂိုဏ်းထဲဝင်မှာ...

နှင်း:"ဘာလဲ လာထိုင်ဆိုနေ..."

အေးမြ:"ဟို လာ..လာ...လာထိုင်ပြီတီချယ်"

တီချယ်က အေးမြကို စာကြည့်ခုံမှာ ထိုင်ခိုင်းတာပါ
အေးမြကို အဲ့သလောက်တောင် ရက်စက်ရသလားလို့
ရင်နာနာနဲ့ ကလဲ့စားပြန်ချေတဲ့ အနေနဲ့...
ဖင် အနာခံပြီးတော့ကို တီချယ့်ပေါင်ပေါ်သွားထိုင်လိုက်တယ်...

နှင်း:"မင်း ..မင်းဒါ.ဘာလုပ်ပြန်တာလဲ...
ထစမ်း!!အခုထ!!"

အေးမြ:"တီချယ်ပဲ ထိုင်ပါဆို...
သမီးက ထိုင်မှ မနိုင်တာ
အဲ့တော့ softဖြစ်တဲ့နေရာမှာရွေးထိုင်ရတာပေါ့...."

နှင်း:"မင်းကို အခု ထလို့ပြောနေတယ်လေ..
ငါမနေတတ်ဘူး ...ဖယ်.."

တီချယ့်ကိုမှ ချစ်မိနေပါပြီ Uni+Zawgyi(Complete)Where stories live. Discover now