မေမေ့ကွယ်ရာမှာ နှင်းကို လျှာလာထုတ်ပြတဲ့ ကလေးမ ‌ညကျရင်တွေ့အုံးမယ်....

နှင်းမေမေ:"ဟင်း ဟင်း...သမီးလေးကို
ဒီညဒီမှာပဲ သိပ်လိုက် နှင်း"

အေးမြ:"မအိပ်တော့ပါဘူး မေမေရယ်...
တချို့လူတွေက စိတ်ပုတ်တယ် မေမေရဲ့...
ခေါ်မသိပ်ချင်တဲ့သူတွေရှိတယ်..."

နှင်း:"အေးးမြ....သန့်..စင်!!!
မင်းတို့ကို စောင်းပြောနေတာ သိတယ်နော်"

အေးမြ:"ရော်...တီချယ့်နာမည် ထည့်ပြောလိုက်မိလို့လား"

နှင်း:"တောက်...မင်း...မင်းနော်"

နှင်းမေမေ:"အော်...ဘယ်လိုတွေဖြစ်နေကြတာတုန်း
တော်ပါတော့...ဒီဆရာတပည့် နှစ်ယောက်ကလည်း တွေ့တာနဲ့ ကိုက်နေတော့တာပဲ.."

နှင်း:"ဟင်း...မေမေ ကိုက်နေတယ် ဆိုတော့ သမီးက ခွေးဖြစ်သွားပြီပေါ့...အဲ့တာမင်းကြောင့်..."

အေးမြ:"ခွေးဖြစ်လည်းတူတူပေါ့ နော်မေမေ.."

နှင်း:"ဖြီးပြမနေနဲ့...
အခု လုပ်လိုက်ရ...၃၂ချောင်းလုံးကျွတ်သွားမယ်"

အေးမြ:"မေမေတွေ့လား...မေမေ့သမီးက သမီးကို ဆို အမြဲ အော်ငေါက်နေတာပဲ..."

နှင်းမေမေ:"ဟုတ်သား သမီးရယ်...
ကလေးလေးကို မအော်ပါနဲ့‌ကွယ်..."

နှင်း:"အဲ့တာပဲ...မေမေတို့က
သမီးက ဒီမှာ ကလေးကို ဆုံးမနေတာ ကြားက ဝင်ရှုပ်နေတော့တာပဲ.."

နှင်းမေမေ:"အော် အေးပါဟယ် ကြားထဲက ဝင်ပြောမိတယ် မေမေပဲမှားတာပါ..."

ဒီနေ့ညတော့ အေးမြ နှင်းအခန်းထဲသို့ ပထမဦးဆုံးရောက်ခြင်း....

အခန်းလေးက အပြာရောင်လေးနဲ့ သိပ် လှတယ်..

အေးမြ:"ဒါ တီချယ့် အခန်းပေါ့လေ...
Wow...လှလိုက်တာ.."

နှင်း:"အင်း ဒါ တီချယ့်အခန်း"

အေးမြ:"တီချယ်ကလေ...အရမ်း ချစ်ဖို့ကောင်းပြီး
‌ဘာမှ လိုလေသေးမရှိပြည့်စုံတာကို ဘာလို့ အိမ်ထောင်မပြုသေးတာလဲ"

နှင်း:"တီချယ်က ထပ်မချစ်နိုင်လို့ပေါ့ကွယ်"

အေးမြ:"ဟင်...ဒါဆို တီချယ်က အရင်က ချစ်ဖူးတာပေါ့နော်..."

တီချယ့်ကိုမှ ချစ်မိနေပါပြီ Uni+Zawgyi(Complete)Opowieści tętniące życiem. Odkryj je teraz