အေးမြ:"တီချယ်ကလည်း အမျိုးမျိုးပဲ...
နေပါအုံး...၅မိနစ်လောက်ပေါ့..
သမီးက ညနေတည်းက မတ်တပ်ရပ်နေရတာ ညောင်းလှပြီ"

နှင်း:"မင်း ငါ့ကို အရွဲ့တိုက်နေတာ မလား...
ကောင်းကောင်းပြောနေတာ ဖယ်နော် မဟုတ်ရင်
ငါတွန်းချမှာ"

အေးမြ:"ဟားဟားဟား.....အာ."

နှင်းကို အပျိုကြီး မို့လား မသိဘူး..
ဒီလိုတွေ လာလုပ်ရင် နှင်း မနေတတ်ဘူး...
ပြီးတော့ အဲ့ကလေးမလေး အဲ့လိုတွေ လုပ်နေရင်
ရင်ခုန်နေသလို ခံစားမိတယ်...
နှင်းရဲ့ ပါကင်ပိတ်နေတဲ့ နှလုံးသားလေးကို အသစ်
စက်စက် ဖောက်သုံးနေတာလား ကလေးမရယ်..
အေးမြက အရမ်းဂျစ်ကန်ကန်..
နှင်း ပြောမနိုင်တဲ့ အဆုံး တွန်းချလိုက်သည်...
ကြမ်းပြင်နဲ့ နှင်းရိုက်ထားတဲ့ ဒဏ်ရာလေးကို
မိတ်ဆက်ပေးလိုက်တာ ထို‌ကလေးမ
တော်တော် အီနေရှာပြီ...
ညကျရင် မအိပ်ခင်လေးတော့ နှင်းဆေးထည့်ပေးဖို့
စဉ်းစားထားပါတယ်...
ထိုကလေးမက မရှက်ဘူး လို့သာပြောတာ
နှင်း ဖင်ချွတ်ပြီးရိုက်တော့
မျက်နှာလေးက ခရမ်းချဉ်သီးလေးလို....
အရမ်း စလို့ ကောင်းသလို...မုန်းဖို့လည်း ကောင်းတယ်တကယ့်ဇွတ်လေး....

နှင်း:"ပေး...လက်...ထူပေးမယ်"

အေးမြ:"မလိုပါဘူး..."

နှင်း:"ပေးဆို ပေးစမ်း!!!"

အေးမြ:"ဟုတ်...ဟုတ်"

အေးမြလက်လေးကမ်းပေးတော့ နှင်းကကိုင်ပြီး ဆွဲထူတယ်...

အေးမြ:"အပျိုကြီးတွေက စိတ်လည်း မရှည်ဘူး
ဟွန့်..."

နှင်း:"ဘာပြောတယ်!!!"

အေးမြရဲ့ နားရွက်လေးကို လိမ်ဆွဲထားတာ...
တကယ့် စပ် စပ် ထိမခံလေးပါ...

‌အေးမြ:"အာ...တီချယ် နာတယ်လို့
ဘာမှမပြောဘူး လွှတ်..."

နှင်း:"နာမှာပေါ့ နာအောင်လုပ်တာ‌လေ..
တို့ နား မ လေး‌နေဘူး...နောက်ဆို အပျိုကြီးဆိုတာ
ထည့်မပြောနဲ့..."

အေးမြ:"ဟုတ်ကဲ့...လွှတ်ပါတော့ တီချယ်ရယ်
နားရွက်ပြတ်သွားမယ်...
အပျိုကြီးကို အပျိုကြီးလို့ပြောတာလဲ အပြစ်ပဲလား
အပျိုကြီးရယ်.... အားးးးးးးး တော်ပါတော့
နောက်မပြောတော့ဘူး ကတိ"

တီချယ့်ကိုမှ ချစ်မိနေပါပြီ Uni+Zawgyi(Complete)Tempat cerita menjadi hidup. Temukan sekarang