အခန်း (၂၇)

1.5K 240 6
                                    

Burmese Translation of Seven Unfortunate Lifetimes, All Thanks to a Single Moment of Impulse by Jiu Lu Fei Xiang.

Translator - No_Coz

အခန်း (၂၇)
___________

ငါ ချူခုန်း အိပ်ရာနံဘေးမှာ သုံးရက် သုံးညတိုင်တိုင် ရှိနေပေးခဲ့တယ်။ ဒါကလည်း ထောင်လွှား မာနကြီးတဲ့ ချူခုန်းတစ်ယောက် သိပ်ကို နုနယ်၊ သိပ်ကို ဖျော့တော့နေတာကို ငါ ပထမဆုံး မြင်ဖူးခဲ့တာပဲ။ အခုနေ သူက မိန်းကလေးတစ်ယောက် ဖြစ်နေတယ်ဆိုပေမဲ့ သူ အားနွဲ့နေတာကို ငါ အသားမကျသေးဘူး။ အိပ်ရာထဲ ငြိမ်ငြိမ်လေး လှဲနေပြီး သူများ သူ့ကို စောင့်ရှောက်ပြုစုပေးတာကို ငြိမ်ခံနေတာ... ဒီပုံစံက သူ လုဟိုင်ခုန်းဘဝကအချိန်ကို ငါ သတိရမိသွားစေတယ်။

သိပ်သန်မာတယ်။ သို့ပေလျက် ကြေကွဲထိရှလွယ်ရှာတယ်။ ငါ့ရှေ့မှာသာ သူ့တံတိုင်းအကာအရံတွေ ဖယ်ခွာထားတတ်တာ။ ...အခုလို သူ မိန်းမတစ်ယောက်ဖြစ်နေချိန်မှာတောင် သူ သွေးသွန်တာတွေ့တော့ ငါ အဲသလောက် ထိတ်ထိတ်ပျာပျာဖြစ်သွားခဲ့မယ်လို့ ငါ့ကိုယ်ငါတောင် မထင်ခဲ့ဘူးရယ်။ မိုးပြိုမတတ်ပါပဲ။ အဲသလိုခံစားချက်မျိုး ခံစားရတာ ပထမဆုံးပဲ။ ...တစ်ဖက်လူက မိန်းကလေးဖြစ်နေတာတောင်မှပေါ့။

ငါ မျက်နှာကို လက်နဲ့အုပ်လို့ သက်ပြင်းချလိုက်မိတယ်။ သူကများ ငါ သက်ပြင်းချတာ ကြားသွားလား မသိပါဘူး။ သုံးရက်လုံးလုံး တစ်ချိန်လုံး ငြိမ်သက်နေခဲ့တဲ့ သူက ရုတ်တရက်ကြီး ညည်းညူလာတယ်။ ငါ လန့်သွားတာပဲ။ သူ့ခေါင်းနားလေးကို တိုးသွားပြီး ငါ သာသာလေး ခေါ်ကြည့်လိုက်တယ်။ "ချူခုန်း၊ ခုန်းမင်းသမီး... နိုးပြီလား..."

သူ့မျက်ခွံလေးတွေ လှုပ်လာတယ်။ နောက်တော့ ပင်ပန်းခက်ခဲကြီးစွာနဲ့ မျက်လုံးတွေကို ဖွင့်လိုက်နိုင်လေတယ်။ ငါ သူ့ကို မျက်တောင်မခတ် စိုက်ကြည့်နေခဲ့မိတယ်။ သူ ပြန် သတိလစ်သွားမှာစိုးလို့။

ချူခုန်း မျက်ဝန်းတွေ မှေးစင်းကာရယ် ငါ့ကို ပြန်ကြည့်နေတယ်။ ရုတ်တရက် သူ့မျက်လုံးတွေ ပြန်မှိတ်သွားပြန်တယ်။ ငါ့ရင်တွေ ဗြောင်းဆန်တော့တာပဲ။ အခုလေးတင် နိုးလာတာက နောက်ဆုံးအနေနဲ့ အားခဲပြီး မျက်လုံးဖွင့်ကြည့်သွားတာများလား။ မဟုတ်သေးဘူး။ မဖြစ်နိုင်ဘူး...! ဒီလို မဖြစ်ရဘူး...! ငါ လက်ချောင်းတွေနဲ့ သူ့မျက်ခွံကို ဆွဲလှန်ဖွင့်လိုက်တယ်။ မျက်သားဖြူဖြူပဲ တွေ့လေတယ်။ "မရဘူး...! မသေရဘူး...! မသေနဲ့...!" ငါ အော်ခဲ့မိတယ်။

ကြမ္မာ ခုနစ်လီحيث تعيش القصص. اكتشف الآن