အခန်း (၃၀)/ ခ

1.5K 268 6
                                    

Burmese Translation of Seven Unfortunate Lifetimes, All Thanks to a Single Moment of Impulse by Jiu Lu Fei Xiang.

Translator - No_Coz

အခန်း (၃၀)/ ခ
__________

ငါ့အသံက လှိုဏ်ဂူထဲ ပဲ့တင်ထပ်နေတုန်းရှိသေး၊ "ရှိုး"ကနဲ နားအူထွက်သွားလောက်စရာ အသံကြီးကို ကြားလိုက်ရတယ်။ အပေါ်ကနေ ကျောက်မြားတစ်စင်း ထိုးဆင်းလာတာ။ ငါ့နားရွက်ကို ဖောက်သွားလုနီးနီးပဲ။ မြေပေါ်မှာ စိုက်သွားတော့လည်း ကျောက်သားထဲကို နစ်ဝင်နေတာ။ လန့်ဖြန့်ပြီး ငါ အပေါ်ကို မော့ကြည့်လိုက်တယ်။ ပြီးတော့ ချူခုန်း အင်္ကျီလက်ကို ဆွဲထားလိုက်ရတော့တယ်။

"ဒီတစ်ခါ. . . ဒီတစ်ခါ တော်တော်ဆိုးတယ်ဟာ"

ငါ ပြောတာ မှန်ကြောင်း သက်သေပြလိုက်သလားတောင် မှတ်ရတယ်၊ မြားတွေ တစ်စင်းပြီး တစ်စင်း မိုးပေါ်က ပြိုဆင်းလာကြတာ။ ချူခုန်း ငါ့ခါးကို ဆွဲ ဖက်ထားလိုက်တယ်။ ဗိုက်ထဲက ထိုးကိုက်လာပြန်ပြီ။ ငါ ညည်းမိတော့တာပဲ။

ချူခုန်းက ပြောလာတယ်။ "ခဏလောက်တော့ သည်းခံနော်"

စစ်သူကြီးခန္ဓာကိုယ်က ချူခုန်းဟာဖြစ်သွားတော့ ပိုအသုံးဝင်သွားတာပဲ။ သူ ငါ့လို ဝန်ထုပ်ဝန်ပိုးကြီးကို ဖက်ထားပြီး ရှောင်တာ။ သူ့ လှုပ်ရှားမှုတွေအကုန် အထူးတလည် အားထုတ်ထားရပုံလည်း မပေါ်ဘူး။ လင်းနို့အုပ်ကြီးပမာ ဝဲလာတဲ့ မြားတွေအကုန်လုံးကို သူ ရှောင်လိုက်နိုင်တယ်။

သူ ရှောင်လို့ ပြီးသွားတော့ ချူခုန်းဟာ ခြေကို မြေမှာ မြဲမြဲ ချလို့ ရပ်လိုက်လေတယ်။ ခုနက ဘာမှ မဖြစ်ခဲ့တဲ့ အတိုင်းပဲ။ နောက်တော့ သူ့ရင်ခွင်ထဲ တင်းတင်းကျပ်ကျပ် ဖက်ထားမိတဲ့ ငါ့ကို ကြည့်လာတယ်။ ဂုဏ်ယူဝံ့ကြွား သူက ပြောသေး။ "ဒီခန္ဓာကိုယ်က ကောင်းကောင်း လေ့ကျင့်ထားသားပဲ၊ ရှောင်ရှန်းဇီ မင်း ဒီခန္ဓာကိုယ်နဲ့ နေတုန်းက ဘာလို့ အသုံးမကျတာလဲ"

ငါ ချူခုန်းခါးကို ဆက်ဖက်ထားရင်း တော်တော်ကြာအောင် စဉ်းစားနေမိပေမဲ့ ပြန်မငြင်းနိုင်ခဲ့ဘူး။

မင်းသမီးက ကိုယ်ဝန်ပျက်ကျထားတာ။ နောက်ပိုင်းမှာ ချူခုန်းက မိန်းမတစ်ယောက်ရဲ့ ခန္ဓာကိုယ်ကို ဘယ်လို အားပြန်မွေးပြီး နေပေးရမလဲ မသိတာရယ်၊ မင်းသမီး ခန္ဓာကိုယ်မှာ နေတုန်း အလုပ်တွေ လျှောက်လုပ်နေတာရယ်လေ။ ပိုဆိုးတာက မင်းသမီးက ရေအေးကြီးထဲ ပြုတ်ကျသွားရသေးတယ်။ နောက်ဆုံးရလဒ်က သေတာထက်ဆိုးတဲ့ နာကျင်မှုပဲ။ ချူခုန်းရဲ့ အောင်နိုင်သူ အပြုံးနဲ့ ဆန့်ကျင်စွာ ငါကတော့ အခေါင်းထဲ ခြေတစ်လှမ်းဝင်ပြီးနေတဲ့ ရုပ် ဖြစ်နေတော့မှာပဲ။ အနည်းဆုံးတော့ ငါ နာကျင်နေတဲ့ ဝေဒနာတွေကို ချူခုန်း ခံစားဖူးတာမို့ ငါ့ကို ဆက်မစတော့ဘူး။

ကြမ္မာ ခုနစ်လီΌπου ζουν οι ιστορίες. Ανακάλυψε τώρα