Burmese Translation of Seven Unfortunate Lifetimes, All Thanks to a Single Moment of Impulse by Jiu Lu Fei Xiang.
Translator - No_Coz
____
အဲဒီနေ့ညက ရှစ်ဖူ ဖုန်းရွှယ့်ရှန်းအိမ်တော်ကို ပြန်မလာဘူး။ တစ်ညလုံးနီးပါး ငါ အိမ်တော်ရှေ့တံခါးဝမှာ ဒူးပိုက်ရင်း စောင့်နေခဲ့သေးတယ်။ တောင်ပေါ်လေအေးစိမ့်စိမ့်က ငါ့အရိုးထဲထိ စူးဝင်တဲ့ အပ်တွေလိုပဲ။ ငါ့အသည်းထဲထိ စိမ့်အေးခဲ့ရတယ်။
ကောင်းကင်ပေါ်က ကြယ်တွေတောင် ငါ့ခေါင်းပေါ်က ကျော်ပြီး ရွေ့ကုန် တက်ကုန်ကြပြီ။ ငါကတော့ အိမ်တော်အပြင်က လမ်းကလေးကို မျက်တောင်မခတ်တမ်း မျှော်ကြည့်နေမိဆဲ၊ ရှစ်ဖူများ ရုတ်တရက် ပေါ်လာလေမလားလို့။ သူ ငါ့ပါးကို ဆွဲလိမ်ပြီး အော်ဆူလောက်တယ်။ အထဲဝင်ပြီး အိပ်ရာဝင်ဖို့ ငေါက်ငမ်းပြောလောက်တယ်။
ဒါပေမဲ့ ရှစ်ဖူ ပေါ်မလာဘူး။ ပေါ်လာတာက ဇီဟွေ့။ သူ ငါ့ကို အပေါ်ရုံတစ်ထည်နဲ့ လာခြုံပေးတယ်။
"အိပ်တော့လေ၊ ကိုယ် စောင့်နေပေးမယ်... မင်းရှစ်ဖူ ပြန်လာရင် ကိုယ် လာနှိုးပေးမယ်"
ငါ ခေါင်းမာစွာပဲ ခေါင်းခါမိတယ်။ ဇီဟွေ့လည်း ငါ့ကို ဖျောင်းဖျမနေတော့ဘူး။ သူ ငါ့ဘေးမှာပဲ ထိုင်ချလိုက်ပြီး ငါတို့အတူတူ အရှေ့က လမ်းဆီ မျှော်ကြည့်နေခဲ့ကြတယ်။
"ဇီဟွေ့... နင် ဘာလို့ ငါ့ယောက်ျားဖြစ်ချင်ရတာလဲ" ဘာမှ ထွေထွေထူးထူး လုပ်စရာလည်း ရှိမနေတော့ ငါ မေးကြည့်လိုက်မိတော့တယ်။ "ငါနဲ့ ရှန်းလင်ဂိုဏ်းက လူတွေ ဟိုးကတည်းက သိလာကြတာတောင်... တစ်ယောက်မှ ငါ့ကို မယူချင်ကြဘူး"
"အင်း... အဲဒါ ကိုယ်က မင်းရှစ်ဖူကို ကြောက်တာထက် မင်းကို ပိုချစ်မိလို့ပဲ"
"နင် ငါ့ကို ဘာလို့ ချစ်တာလဲ"
ဇီဟွေ့ ရပ်သွားပြီး ခဏကြာတော့ ပြန်ပြောတယ်။ "မှန်းကြည့်လေ"
"ငါက ပိန်းတော့ မှန်းနိုင်မှာ မဟုတ်ဘူး"
ငါ ဒူးကို ပိုက်လျက် ခေါင်းကို မှေးတင်ထားလိုက်မိတော့တယ်။ ငါ တော်တော်လေး အိပ်ငိုက်နေပြီ။ တဖြည်းဖြည်းနဲ့ မျက်ခွံတွေပါလေးလာတယ်။
CZYTASZ
ကြမ္မာ ခုနစ်လီ
Humorကောင်းကင်ဘုံမှ တိမ်ဝိညာဉ်ရှောင်ရှန်းဇီနှင့် ချူ ခုန်းတို့ ခိုက်ရန်ဖြစ်ပွားရင်း ဖူးစာကြမ္မာပိုးကြိုးနီတို့ကို ရှုပ်ထွေးသွားစေခဲ့မိသည်။ ထို့ကြောင့် အပြစ်ဒဏ်အနေနှင့်၊ ရန်ဖြစ်ရကောင်းလားဟုဆိုကာ နှစ်ယောက်သားကို လူ့ပြည်မှာ ၇ ဘဝစာ ဖူးစာဖက...