အခန်း (၁၈)

1.6K 242 7
                                    

Burmese Translation of Seven Unfortunate Lifetimes, All Thanks to a Single Moment of Impulse by Jiu Lu Fei Xiang.

Translator - No_Coz, Jinnie_Grace

____

ကျောက်ဂူထဲမှာ ရေကျသံက တဖြောက်ဖြောက်။

"ဒါ ဘယ်နေရာလဲ" ငါ ကျောက်တုံးပေါ်မှာထိုင်ရင်း တရှုံ့ရှုံ့နဲ့ငိုနေမိတယ်။ ဇီဟွေ့က ငါ့ရှေ့မှာဒူးထောက်ထိုင်ရချလိုက်ရင်း ပဝါကိုကမ်းပေးလေတယ်။

"ဒါ ငါ့အိမ်လို့ပြောလို့ရတယ်၊ အားရှန်း...မငိုပါနဲ့တော့"

ငါ ပဝါကိုယူပြီး မျက်နှာကိုသုတ်လိုက်တယ်။ ပြီးတော့ရှိုက်နေရင်းနဲ့ပဲ သူ့ကိုမေးလိုက်တယ်။

"ငါ ဘယ်လောက်ပဲတုံးပါစေဦး၊ အဖေနဲ့အမေက ငါ့အပေါ် တအားကောင်းတာကိုတော့ သိပါတယ်၊ ရှစ်ဖူ... ရှစ်ဖူလည်း ငါ့အပေါ် အရမ်းကောင်းပေးခဲ့ပါတယ်၊ ...ဒါပေမဲ့ သူ ဘာလို့ ငါ့မိဘတွေကို သတ်ရတာလဲ၊ သူ ဘာလို့ ငါ့ကို လိမ်ရတာလဲ"

ဇီဟွေ့က ခဏလောက် ငါ့ကိုငေးကြည့်နေတယ်။
"အားရှန်း မင်း ရှန်းလင်ဂိုဏ်းကို မပြန်တော့ဘူးဆိုရင် ဘာဆက်လုပ်ဖို့စဉ်းစားထားလဲ"

"ငါ မသိသေးဘူး" ငါခေါင်းကို ယမ်းပြလိုက်တယ်။ "ငါ ရှစ်ဖူကို ရိုက်လိုက်မိပြီ၊ ရှစ်ဖူက ငါ့ကိုပြန်လိုချင်မှာမဟုတ်တော့ဘူး၊ ငါကိုယ်တိုင်ကလည်း ရှန်းလင်ဂိုဏ်းကို မပြန်ချင်ဘူး၊ အိမ်... ငါ အိမ်ကိုလည်း မပြန်နိုင်ဘူး၊ ငါ... ငါ ဘာမှမသိတော့ဘူး"

ဇီဟွေ့က ငါ့လက်ကို ဆုပ်ကိုင်ပြီး ငါ့မျက်လုံးတွေကို တည့်တည့်ကြည့်တယ်။ အမှောင်ထဲမှာ သူ့မျက်လုံးတွေ ခရမ်းရောင်ပြေးသွားတာကို ငါမြင်လိုက်ရတယ်။

"အားရှန်း၊ အခုကစပြီး ငါတို့အတူတူနေရအောင်"

သူက သူ့လက်တွေနဲ့ ငါ့မျက်နှာကို ခပ်ဖွဖွထိတယ်။ ဘာကြောင့်ရယ်လို့တော့ ငါ မသိဘူး။ ဒါပေမဲ့ ငါ ဒီအခြေအနေကြီးကိုမှားနေတယ်လို့ပဲ ခံစားရတယ်။ ငါ မျက်နှာကို လွှဲပစ်လိုက်ချင်တယ်။ ဒါပေမဲ့ သူ့လက်တွေက ငါ့ကို တားတယ်။

"မင်းက ငါ့မိန်းမလုပ်လို့ရတာပဲ၊ မင်းရဲ့ရှစ်ဖူထက် ငါ ပိုပြီးကောင်းပေးပါ့မယ်၊ မင်းကို မလိမ်ဘူး၊ မင်းကို မဆူဘူး"

ကြမ္မာ ခုနစ်လီWhere stories live. Discover now