အခန်း (၁၉)

1.7K 263 24
                                    

Burmese Translation of Seven Unfortunate Lifetimes, All Thanks to a Single Moment of Impulse by Jiu Lu Fei Xiang.

Translator - No_Coz

အခန်း (၁၉)

____

တမလွန်ကို သွားတဲ့ လမ်းခရီးတစ်ဝက်မှာတင် ငါ့စိတ်ထဲ ထူးဆန်းလာတယ်။ မြေအောက်လောက မုခ်ဝကိုတောင် မမြင်ရသေးဘူး။ ငါ့ရင်ကို လေးလံတဲ့တစ်စုံတစ်ရာက ဖိစီးနေသလိုပဲ။ အဲဒီအလေးချိန်က ငါ့ခြေဖျားထိကို နင့်လေးနေစေတယ်။ ငါ လှုပ်လို့ မရတော့ဘူး။ လှုပ်ဖို့ ဆက်ကြိုးစားမဲ့အစား ငါ အော်မိတယ်။ ထိုင်သာချလိုက်ပြီး ခါးခါးသီးသီး ငိုလိုက်မိတယ်။

ရှက်စရာ ကောင်းလိုက်တာ။ အကြီးအကျယ်ကို အရှက်ကွဲတာပဲ...!

ငါ မျက်လုံးမှိတ်လိုက်တဲ့အခါတိုင်း စိတ်ထဲမှာ ဟိုစောက်ရူးကလေး ပေါ်လို့လာတယ်။ အဲဟာလေးရဲ့ မျက်ခွက်ကြီးတစ်ခုလုံးမှာ ပျော်ရွှင်မြူးထူးမှုတွေအပြည့်နဲ့ ခေါ်ပြပါလိမ့်မယ်။ "ရှစ်ဖူ... ရှစ်ဖူ...!"ရယ်လို့။

ငါ မျက်နှာကို အုပ်ကာထားလိုက်မိတော့တယ်။ လေပြည်အေးအေးလေး တိုက်လာတဲ့အခါ ဆောင်းဦးသစ်ရွက်အချို့ကလည်း အကိုင်းမှသည် ခကြွေလာတယ်။

အဲဒါ ငါပဲ... ဉာဏ်စဉ်မမီ၊ ခွေးတစ်ကောင်လို နာခံလိမ္မာနေတတ်တဲ့ အဲဒီစောက်ရူးမကလေးဟာ ငါပဲ။

"ကျွန်မက ရှစ်ဖူကို သဘောအကျဆုံးပဲ...!"

"ကျွန်မ ရှစ်ဖူနဲ့အတူ ဖုန်းရွှယ့်ရှန်းအိမ်တော်ကို ပြန်မယ်လေ၊ ရှစ်ဖူကို ယပ်ခတ်ပေးမယ်... စာအုပ်လှန်ပေးမယ်... ပခုံးတွေ ခြေသလုံးတွေလည်း နှိပ်ပေးမယ်" 

"ရှစ်ဖူ..."

"ရှစ်ဖူ..."

ရှစ်ဖူ၊ ရှစ်ဖူနဲ့...

ဒီစကားလုံးတွေ ငါ့နားထဲမှာ ကြားယောင်နေတာမှ ဗုဒ္ဓကျမ်းဂန်တွေလိုပဲ။ ဒီစကားလုံးတွေဟာ ဆယ့်ငါးနှစ်လုံးလုံး ငါ့မှာ ဘာမာနသိက္ခာမှ မရှိဘဲ ရှင်သန် နေခဲ့ရတယ်ဆိုတဲ့ သက်သေ။

ငါ ကိုယ့်ဆံပင်တွေ ကိုယ်ဆောင့်ဆွဲပြီး အံပါကြိတ်လိုက်တယ်။ ငါ့သက်တမ်း နှစ် ရာပိုင်းအနည်းငယ်အတွင်းမှာ ဒါဟာ အရုပ်ဆိုးဆုံး၊ အကျည်းတန်ဆုံးသော စွန်းထင်းမှုကြီးပဲ။

ကြမ္မာ ခုနစ်လီWhere stories live. Discover now