အခန်း (၄၄)/ ခ

Start from the beginning
                                    

ကျင်လျန်က နာနာကျင်ကျင် အော်ဟစ်နေတယ်။သူ့ကို ချည်တုပ်ထားတဲ့ ရွှေရောင် အလင်းလျှံကလည်း တုန်ခါလာတယ်။

ငါလည်း ချူခုန်း ငါ့အပေါ်ချုပ်နှောင်ထားခဲ့တဲ့ စည်းကို ရှိသမျှ အစွမ်းအစနဲ့ ဖောက်ထွက်ဖို့ ကြိုးစားတာပဲ။ အခုတစ်ခေါက်လောက် ငါ စောက်သုံးမကျတာကို မနာကျည်းဖူးဘူး။ ငါ့ကို "အရည်အသွေး မပြည့်မီ"တဲ့ အရာအဖြစ် ဖန်တီးခဲ့တဲ့ ယွဲ့လောင်ကိုလည်း ဘယ်တုန်းကမှ အခုလောက် စိတ်မနာခဲ့ဖူးဘူး။ ငါသာ ချူခုန်းလို အစွမ်းတန်ခိုးရှိနေမယ်ဆိုရင်. . . သူ့တစ်ဝက်လောက်သာ အစွမ်းရှိမယ်ဆိုရင် ရပါပြီ။ တစ်ဝက်ဆိုရင်တောင် ငါ ကျေနပ်တယ်။

ကျင်လျန်ရဲ့ ခန္ဓာကိုယ်လဲကျသွားတယ်။ သူ သေသွားပြီ။ ရှုံ့တွ ယိုယွင်းလုလု သူ့ခန္ဓာရုပ်ကြွင်းဟာလည်း အမှောင်ထုခြုံထည်ပမာ ပြောင်းလဲသွားပြီး ရွှေရောင်အလင်းတန်းနဲ့အတူ ရောထွေးသွားတော့တယ်။ ငါ့နားထဲ တိုးဝင်လာတဲ့ လေပွေသံကို နားယောင်ရင်းက ထိန်ထိန်ညီးနေတဲ့ အလင်းတန်းတစ်ခုက ငါ့အမြင်အာရုံထဲ ရောက်လာခဲ့တယ်။ ငါ အမြင်တွေ ဝေဝါးသွားခဲ့တယ်။ အချိန်တော်တော်ကြာထိတိုင်အောင်၊ တဖြည်းဖြည်းချင်းမှ ပြန်မြင်ရလာလေတယ်။

အရပ်လေးဘက်လေးတန်လုံး တိတ်ဆိတ်သွားပြီ။ မြေပြင်ကြီး အက်ကွဲကြေမွနေတာကြီးက ဒီနေရာမှာ တိုက်ပွဲတစ်ခု ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့တယ်ဆိုတာကို သတိပေးနေတာမှ မဟုတ်ရင်၊ ငါ အိပ်မက်ဆိုးမက်နေတယ်ပဲ ထင်မိမှာ။

မကောင်းဆိုးဝါး အငွေ့အသက်တွေ မရှိတော့ဘူး။ ချူခုန်းလည်း. . .  မရှိတော့ဘူး. . .

ငါ့တစ်ကိုယ်လုံး ပြေလျော့သွားတယ်။ ချူခုန်း ငါ လှုပ်လို့မရအောင် ချုပ်ထားခဲ့တဲ့ စည်းပြယ်သွားပြီလေ။ စည်းချပေးခဲ့တဲ့ သူမှ မရှိတော့တာ၊ စည်းက ဘယ်တည်မြဲနိုင်ပါဦးမလဲ။ ငါ ခြေနှစ်ဖက်က မခိုင်မြဲနိုင်တော့ဘူး၊ အသိစိတ်လက်လွတ်ကာ မြေပေါ်သာ ထိုင်ချလိုက်မိတော့တယ်။

"ဟိတ်..."

ငါ ကိုယ့်ခြေထောက်ကိုယ် လိမ်ဆွဲကြည့်တယ်။

"ဘာလို့လဲ... ဘေးကင်းသွားပြီလေ. . ."

ငါ့စိတ်အခြေအနေဟာလည်း ကစဉ့်ကလျားတွေ ဖြစ်လာတယ်။ တစ်စုံတစ်ယောက်က ငါ့ရင်ကို တူနဲ့ ထုနေသလိုပဲ၊ နှလုံးခုန်သံတွေလည်း မြန်လာတယ်။ ဒီလို ရင်တုန်ပန်းတုန်နဲ့ တလှပ်လှပ်ဖြစ်နေရတာ ငါ အသက်ရှူရတာပါ မွန်းကြပ်လာတော့တာပဲ။

ကြမ္မာ ခုနစ်လီWhere stories live. Discover now