“တစ်ယောက်ယောက်လှည်းထဲကအခင်းနဲ့စောင်တွေသွားယူလိုက်ပါဦးနောက်ပြီး အပ်နဲ့အပ်ချည်ပါယူလာခဲ့ပေး”ဝမ် လန််ကခေါင်းငြိမ့်ပြီး အမိန့်ကိုလုပ်ဆောင်လိုက်တယ်၊ ခဏကြာတော့မှချူးလျန်ဘာလုပ်ချင်တာကိုနားလည်သွားပြီး အလျင်အမြန်ပြေးယူတော့တယ်။

ဝမ်လန်ကကိုယ်ခံပညာကိုအထူးပြုထားသူဖစ်တော့သူမရဲ့ခြေလှမ်းတွေကလဲ မြန်ဆန်နေတယ်၊ ဆယ်ငါးမိနစ်အကြာမှာဘဲသူမကအကုန်လုံးယူဆောင်ပြီး ပြန်ရောက်လာတယ်။

ချူးလျန်သူမရဲ့ဝတ်ရုံကိုချွတ်လိုက်ပြီး ဟေးချန်ဒီရဲ့အိပ်ယာပေါ်ကစောင်တွေကိုဆွဲဖယ်လိုက်တယ်၊ နောက်ပြီး အောက်ကအိပ်ယာခင်းကိုဆွဲယူထားလိုက်တော့ဒီဟာကတကယ်ကိုမြက်ခြောက်တွေနဲ့လုပ်ထားဖစ်နေတယ်။

ချူးလျန်ကမြက်ခြောက်တွေကိုအဝေးကိုဖယ်လိုက်ချိန်မှာအပြာရောင်လေးကိုသတိပြုမိသွားတယ်၊ မြက်တွေကိုဖယ်ကြည့်လိုက်တော့မဲနယ်ပြာရောင်အိတ်လေးတစ်ခုကိုသွားတွေ့တယ်။

ချူးလျန် က မြက်ခြောက်တွေကြားထဲက အိတ်လေးကို ဆွဲထုတ်လိုက်တယ်၊ သူမက ကပ်နေတဲ့ မြက်ခြောက်တွေကို ဖယ်ထုတ်လိုက်တော့ ဝမ်ချင်းက သတိပြုမိသွားတယ် " ဒါက တတိယသခင်မလေးရဲ့ မုန့်ထည့်ဖို့သုံးတဲ့ အိတ်လေး မဟုတ်ဘူးလား ?"

ချူးလျန်ရဲ့ မုန့်အိတ်လေးတွေ အားလုံးက Songtaoအဆောင်က အစေခံတွေ ပြုလုပ်ပေးထားပြီးတော့ ဘာပန်းထိုးမှမပါဝင်တဲ့ အရောင်ဗြောင်သက်သက် ဖြစ်တယ်၊ ဝမ်ချင်းနဲ့ ဝမ်လန်တို့ကလည်း ဒါ မျိုးအိတ်တွေကို အနည်းငယ်လုပ်ဖူးနေကြတော့ ဒါကို မြင်မြင်ချင်းသတိပြုမိကြတယ်။

ချူးလျန်ကလည်း မုန့်စားပြီးတာနဲ့ ဒီအိတ်တွေကို အဝေးကို လွှင့်ပစ်လေ့ရှိတယ်၊ ဒါက ဟိူဘက်ခေတ်သစ်မှာဆို ပလက်စတစ်အိတ်လိုမျိုးဘဲပေါ့၊ ဒါပေမယ့် ဟေးစန်းလန်က ဒါတွေထဲက တခုကို အမှန်တကယ်သိမ်းထားခဲ့တယ်၊

ချူးလျန်ရဲ့ နှလုံးသားထဲမှာ ထူးဆန်းပြီး မဖော်ပြနိုင်တဲ့ ခံစားချက်ကြီးပေါ်ထွက်လို့လာတယ်။

သူမက အိတ်ကို ပြန်ချည်နှောင်ပြီး တွေ့တဲ့ နေရာမှာ ပြန်ထားလိုက်တယ် ။

Transmigrator meets reincarnator (mmtranslation)Where stories live. Discover now