Ep -- 11

441 87 45
                                    

_Uni_


အစိမ်းရင့်ရောင်သစ်ပင်များလှုပ်ရှားသွားတိုင်း သူပျော်ရွှင်နေသည်။ ဝါးနှစ်ပြန်ကျယ်သော ချောင်းကို လွှားခနဲခုန်ကူးလိုက်ချိန် ရေပြင်ပေါ်ထင်ဟပ်လာသည့်သူ့အရိပ်ဘေးတွင် ပင်လယ်ပြာမျက်ဆန်တို့ဖြင့် ဝံပုလွေနက်သည်လည်း သူနှင့်ယှဥ်တွဲကာအတူတကွ...

"အူ~~"

"အူ~~"

ရင်တွင်းမှမြည်ဟီးသံသည် တောတောင်တို့အတွင်းပျံ့နှံ့ကာပဲ့တင်ထပ်သံပင်ကြားနေရသည်။ မျိုးနွယ်စုနှစ်စု၏ဆက်ခံသူနှစ်ဦး အရှေ့ဘက်မျိုးနွယ်စုသို့ဝင်ရောက်လာပြီဖြစ်ကြောင်း သက်သေအဖြစ် ကြွေးကြော်လိုက်ခြင်းဖြစ်ပြီး ထိုအသံကြားရသူများအဖို့ အားအင်အဖြစ်သော်လည်းကောင်း၊ တုန်လှုပ်ခြောက်ခြားဖွယ်ရာတစ်ခုသော်လည်းကောင်း ရင်တွင်းအဖုံဖုံဖြစ်တည်လာစေသည်။

အရှေ့ဘက်မျိုးနွယ်စု၏ ထည်ဝါလှသောနက်စွေးစွေးတံခါးကြီးရှေ့တွင် ယခင်ကသူတည်ရှိနေခဲ့သလို လနတ်သမီး၏ဖန်တီးမှုဖြစ်သည့် ထိုဝံပုလွေနှစ်ကောင်သည် ဖြစ်တည်လာခဲ့ပြီ။ မြောက်ဘက်မျိုးနွယ်စု၏အကြီးအကဲမင်သည် ငယ်စဥ်ကဂျောင်ကု၏မျက်လုံးလှလှများထဲ ငေးကြည့်ခဲ့ရင်း သူမြင်ခဲ့ရသည်များကိုပြန်တွေးလျက် ခပ်ပြုံးပြုံးသာနေသည်။ ခရီးသည် တစ်ဝက်တိတိကျိုးခဲ့ပြီ။ သို့သော် သူ့အမြင်တွေဝေဝါးခဲ့သည့် ရှေ့ဆက်ခရီးများသည်မည်သို့ဖြစ်မည်နည်း။
ကိုယ့်ကြမ္မာကိုယ်ရေးမည့် ဖြစ်တည်မှုနှစ်ရပ်ကတော့ လူအသွင်ကိုယူပြီးကြပြီးဖြစ်သည်။
မျိုးနွယ်စုမိခင်ဖခင်နှင့် သူ့ကို တရိုတသေဂါရဝပြုလျက် နေရာယူကြသည်။ အကုန်နေရာတကျဖြစ်သည်နှင့် မျိုးနွယ်စုခေါင်းဆောင်သည် ဂျောင်ကုနှင့်ဆော့ဂျင်ဘက်ကို တစ်ချက်စူးကြည့်ကာ~

"ဒီနေ့ကစပြီးတစ်နှစ်တိတိ! အနောက်ဘက်မျိုးနွယ်စုရဲ့ဆက်ခံသူက အထူးၔည့်သည်အဖြစ်နေထိုင်လိမ့်မယ်"

မျိုးနွယ်စုအကြီးအကဲဂျွန်သည် ပြောပြီးပြီးချင်း ထသွား၏။ သူတို့၏စည်းဝေးမှုသည် လူသားများကဲ့သို့ ခါးရိုးတောင့်အောင် ကြာရှည်မနေ။ခေါင်းဆောင်၏စကားသည် ပြတ်သည်။ ဂျောင်ကု၏မူမမှန်သော တောင်းဆိုမှုကို သဘောမကျသော်ငြား ဆိုသောစကားလုံးများသည် အကြီးအကဲပီပီ ကိုယ့်နေရပ်ကိုလာသူအဖို့ အရိုအသေမမဲ့နေပါ။ အဓိကကျသောအချက်များကိုဝါကျတစ်ကြောင်းအတွင်းသုံးနှုန်းကာ ခပ်ပြတ်ပြတ်မို့ ဆော့ဂျင်စိတ်အတွင်း၌လည်း မည်သည့်အငုအငေါက်မှတော့ဖြစ်မနေ။
ခေါင်းဆောင်၏ မနှစ်မြို့ခြင်းအချို့ကိုတော့ ထသွားစဥ် ဂျောင်ကုအားစိတ်ချင်းဆက်၍ ခေါ်သွားချိန်တွင် သတိထားမိခဲ့၏။ လက်ခံပေးရိုးမရှိသည့်တောင်းဆိုမှုဖြစ်သောကြောင့် သူနားလည်ပါသည်။ တောင်းဆိုသူဂျောင်ကု၏နှလုံးသားအပိုင်းအစအချို့ကိုတောင် သူနားလည်ခဲ့သေးတာ အခုကိစ္စလေးကမပြောပလောက်ပေ။

Du-AL [A/B/O]Where stories live. Discover now