Epi--7

496 100 63
                                    


_Uni_

"ဒူ~ဒူ~ဒူ"

စည်တီးလိုက်သည်နှင့် အမွေးများကိုတဆတ်ဆတ်ခါရင်း ရှေ့တူရှူကိုအာရုံစိုက်ထားကြသည်။ စည်တော်ကြီးမှ ဒုတိယအကြိမ်အသံထွက်လာသည်နှင့် တာမှထွက်ရမည်ဖြစ်သည်။
ယခု မြောက်ဘက်မျိုးနွယ်စုတွင် ကျင်းပနေသော ဒုတိယမ္ပိယှဥ်ပြိုင်ခြင်းသည် ပူးပေါင်းဆောင်ရွက်ခြင်းနှင့် ဆက်ခံသူများ၏စိတ်ဓာတ်ရေးရာကို စမ်းသပ်စစ်ဆေးသောယှဥ်ပြိုင်ပွဲဖြစ်သည်။

ကြီးမားကျယ်ပြန့်သောထင်းရှူးတောတွင် သတ်မှတ်ပေးထားသည့်မြေနေရာအဝန်းရှိသည်။ ထိုအဝန်းအဝိုင်းအတွင်းတွင် အစိတ်အပိုင်းသုံးပိုင်းရှိ၏။
ကာကွယ်သူ၊ ရယူသူနှင့် အခရာသည်အဝန်း၏အလယ်ဗဟိုမှ မြေတွင်ထိုးစိုက်ထားသည့်တောင်ဝှေးနှင့်တူသည့်အရာဖြစ်သည်။ ထိပ်ဖူးတွင် ဝံပုလွေမျိုးနွယ်စုတို့၏အထွဋ်အမြတ်ထားရာ လမင်းသဏ္ဌာန်ပုံဖော်ထား၍ အောက်တစ်ပြင်လုံးကို စိန်များစီထားသည်။
ဆက်ခံသူလေးယောက်အနက် နှစ်ယောက်မှာ ထိုအရာကိုကာကွယ်ရန်ဖြစ်ပြီး ကျန်နှစ်ယောက်မှာ ထိုအရာကိုရယူရန်ဖြစ်သည်။

ပထမယှဥ်ပြိုင်ပွဲတွင် အနိုင်ရခဲ့သူဂျောင်ကုနှင့် တောင်ဘက်မျိုးနွယ်စုမှ ဆုန်း တို့သည် ကာကွယ်စောင့်ရှောက်သူများဖြစ်ကြပြီး ဆော့ဂျင်နှင့် ချွန်းသည် ရယူရမည့်သူများဖြစ်သည်။

ထိုသို့နေရာအသီးသီးယူပြီးကြချိန်

စည်တော်ကြီးမှ ဒူ~~ဟုအသံမြည်လာလေသည်။

ပြိုင်ပွဲသည်စပြီ။

အချက်အချာနေရာမှ တောင်ဝှေးကိုဘေးတစ်ဖက်တစ်ချက်ဆီတွင် ဂျောင်ကုတို့နေရာယူကာ စောင့်ရှောက်နေသည်။ ဆော့ဂျင်နှင့်ချွန်းသည်လည်း ဂျောင်ကုနှင့်ဆုန်းတို့၏အငိုက်ကိုစောင့်နေကြသည်။
တစ်ခဏအကြာတွင် စတင်လှုပ်ရှားလာသူသည် စောင့်ဆိုင်းခြင်းကိုမထိန်းချုပ်နိုင်သည့် ချွန်းဖြစ်သည်။ ဒုန်းဆိုင်းကာတိုးဝင်လာသည့် ချွန်းကိုဂျောင်ကုသည် တန်းတူတိုးထွက်လိုက်ရင်း အစွယ်တဖြီးဖြီးချွန်းကို အုပ်မိုးလိုက်၏။

ချွန်းဝင်သွားချိန် ဆုန်းနှင့်ရင်ဆိုင်ရသူသည် ဆော့ဂျင်ဖြစ်လာ၏။ ဆော့ဂျင်ကလျင်မြန်ဖျတ်လတ်သလို ဆုန်းသည်လည်းမခေပါ။ ပင်ကိုယ်အရည်အသွေးသာ ကွဲပြားခြားနားနေပြီး အမျိုးတူအနွယ်တူတွေဖြစ်၍ မည်သူကအားကြီးကြောင်း သာလွန်ကြောင်း ထင်ထင်ပေါ်ပေါ်မရှိ။
ထိုအနီးအနားတွင် မိုးရေစွတ်သော ထင်းရှူးနံ့များနံ့နံ့သင်းနေပြီး အားကြီးသောဖိအားများကြောင့် ကျောက်တုံးကျောက်ခဲများလည်း ကွဲကြေကြသည်။ သစ်ဆွေးသစ်စများလည်း မွမွကြေကြသည်။ သစ်ပင်များကို တွန်းတိုက်ကြသဖြင့်လည်း အရောင်စုံသော အရွက်တို့ ခခကြွေကြရသည်။

Du-AL [A/B/O]Where stories live. Discover now