Epi--6

499 100 83
                                    


_Uni_




"ထင်းရှူးတောစပ် ညနေ"

"အား"

သူခေါင်းကို ဘယ်ပြန်ညာပြန်ယမ်းလိုက်ရင်း လက်သန်းလေးကို အလျင်အမြန်အလုပ်ပေးကာ နားတွင်းသို့ ကလိလိုက်ရသည်။ ဂျောင်ကုက သူ့နားနားကပ်ကာ ပြောလိုက်သလို ခံစားလိုက်ရသောကြောင့်ဖြစ်သည်။

သူတို့က မျိုးနွယ်စုအလိုက် ကိုယ်စီပေးထားသော အဆောင်များ‌တွင် နေရသည်။ ဂျောင်ကု၏‌အဆောင်က ပင်မမျိုးနွယ်၏ အရှေ့ဘက်ခြမ်းတွင်ဖြစ်သလို သူ့အဆောင်ကလည်း အနောက်ဘက်ခြမ်းတွင်ရှိသည်။ ကျန်မျိုးနွယ်စုအ‌ဆောင်များကလည်း သက်ဆိုင်ရာ နေရာများတွင်ရှိနေသည်။ ထို့အတွက် သူတို့လိုဆက်ခံသူများသည် အကြောင်းမရှိဘဲ တွေ့ရန် မလွယ်ကူပါ။ တစ်နည်းအားဖြင့် ပြိုင်ဆိုင်နေကြရသည့် ပြိုင်ဘက်တွေဖြစ်သည့်အတွက်လည်း အတူတကွ တွေ့ဆုံတာမျိုး မလုပ်ကြပါ။ မျက်နှာတွင် အပြုံးပန်းများဆင်မြန်းထားကြသော်လည်း ပြိုင်ပွဲတွင် အနိုင်မခံ အရှုံးမပေးကြသူများပင်။

  သူက လက်ထဲမှ စာရွက်ကို ဘယ်နှစ်ကြိမ်မြောက်မှန်းမသိ ဖွင့်ဖတ်ရင်း ဂျောင်ကုမျက်နှာကို ပြန်မြင်ယောင်သည်။ ဂျောင်ကုက စားသောက်ပွဲတစ်လျှောက်လုံး အကြောင်းအရင်းမရှိ သူ့ကို ခဏခဏ ကြည့်နေခဲ့သဖြင့် သူ့မှာ ရှင်းနှင့် စကားရှာကြံကာ ပြော‌နေခဲ့ရသည်။ နှုတ်ဆက်ရမည့်ကိစ္စကိုတောင် မေ့ရလောက်သည်အထိ ထိုဂျောင်ကုက သူ့ကို ကြည့်နေခဲ့သည်။

"ဟာကွာ နံထောင်နေတာပဲ။"

"ဘာလဲ ဘာလဲ။"

ဝင်လာသော ရှင်းအသံကြောင့် ဆော့ဂျင်မျက်လဆန်မှ ရွှေညိုရောင်များ ပျောက်ကွယ်သည်။ ထိုအခြင်းအရာကို သူတို့ သတိမထားမိလိုက်။

ရှင်းက သူ့အခန်းထဲ ဝင်လာရင်း ပြတင်းပေါက်တွေကို အလျင်စလိုဖွင့်သည်။ ရုတ်တရက်မို့ သူလန့်သွားသလို ရှင်းအပြုအမူကိုလည်း မေးခွန်းထုတ်လိုက်သည်။ ရှင်းက ပြတင်းပေါက်ဖွင့်ရုံနှင့် အားမရပဲ သူ့လက်တွေကိုသုံးကာ နှာခေါင်းရှေ့တွင် ယပ်တောင်ခတ်သလို ယမ်းနေသည်။ နောက် သူမဟုတ်သလိုပင် သူ့နားကို နှာခေါင်းတရှုံ့ရှုံ့လာလုပ်ကာ

Du-AL [A/B/O]Where stories live. Discover now