Prologue

2.4K 167 28
                                    


__Unicode__

တဖြောက်ဖြောက်ကျသော မိုးရေတို့ဟာ သစ်ပင်တို့ပေါ်ကို လှပစွာ ဖြတ်သန်းနေကြပြီး လျင်မြန်စွာ အပြေးနှင်နေသော ဝံပုလွေတစ်ကောင်ပေါ်တွင်အကြားအလပ်မရှိ ကျဆင်းနေသည်။ မဲမှောင်သောအမွှေးတို့ကို တဆတ်ဆတ်ခါရင်း ကြီးမားသော အဟုန်ဖြင့် ပျော်ရွှင်မြူးတူးဟန်အပြည့်နှင့် တလွှားလွှားခုန်ကျော်လာခဲ့ပြီး ကြီးမားသောတံခါးကြီးရှေ့တွင် ရပ်လိုက်သည်။

"အူ~~~"

သူ တစ်ချက် မြည်ဟီးလိုက်တော့ ထိုတံခါးကြီးကတဖြည်းဖြည်း ပွင့်ဟလာသည်။ အရှေ့အနောက် ဘယ်ညာ ပီပြင်စွာ လှမ်းရင်း လှုပ်ရှားပုံသည်တည်ငြိမ်၍ ခန့်ခန့်ညားညားရှိလှ၏။ လျှောက်လမ်းတစ်လျှောက် မှိုင်းညို့ညို့အရောင်စုံသောဝံပုလွေအထီးအမများက ဦးညွှတ်အရိုအသေပေးကြကာ 'အူ' ဟူသော အော်မြည်သံများဖြင့် ဆီးကြိုထောပနာပြုကြသည်။

ဂျွန်မျိုးနွယ်စုခေါင်းဆောင်၏ ယောက်ဖတော်၊ မင်မျိုးနွယ်စု၏ အကြီးအကဲတစ်ဦးဖြစ်သူသည် ဝံ့ကြွားဟန်အပြည့်ဖြင့် ထိုသူတို့၏အလယ်မှ ဖြတ်၍ ကြွကြွရွရွလှမ်းလာ၏။ လျှောက်လမ်းအဆုံးတွင် ဂျွန်ခေါင်းဆောင်နှင့် သခင်မအပြင် လောလောလတ်လတ်မှ လူ့လောကထဲ ရောက်လာသည့် သူ့တူလေးက အသင့်စောင့်ကြိုနေ၏။

လျှောက်လမ်းအဆုံးရောက်သော် မိုးရေစက်တို့ဖြင့် ထည်ဝါလှသော ဝံပုလွေကြီးက ကိုယ်ကို တစ်ပတ်လည်လိုက်သည်။ ထိုအခါ အခြေသို့ပုံကျလာသည်က ဝတ်ရုံတစ်ခု၏အောက်နားစများ...မြေပေါ်သို့ လေးဘက်လေးတန် ထောက်နားထားခြင်းမရှိတော့သော ခြေလေးချောင်းဟာ အခုဖြင့် ခြေချောင်းငါးချောင်းသဏ္ဍာန်ပေါ်သောအလျားရှည်သည့် လူသားတို့၏ ခြေထောက်တစ်စုံအဖြစ်၌ တည်ရှိနေသည်။

  အားအင်တို့ပြည့်ဝနေသည်ကို ပြန့်ကားသောရင်အုပ်တို့ကဖော်ပြလျက် တည်တံ့ခြင်းတို့ကမျက်နှာ၌ ထင်ရှားပေါ်လွင်နေ၏။

"ကြိုဆိုပါတယ် အစ်ကို"

ညာလက်ကို ဘယ်ဘက်ရင်အုံပေါ်သို့တင်ကာ ဂျွန်ခေါင်းဆောင်က ဦးညွှတ်၍ အရိုအသေပေးသည်။ တစ်ဆက်တည်း နှုတ်ခွန်းဆက်စကားပါဆို၏။

Du-AL [A/B/O]Where stories live. Discover now