_Uni_
မျက်ဝန်းပြာများက အရောင်လွင်လွင်လေးသာ ကျန်တော့သည့်တိုင် သူ့စိတ်တွင်းမှ ဒေါသအရှိန်က မသေသေးပါ။ မြင်မြင်လိုသမျှ ဖျက်စီးလိုစိတ်ရှိနေသော်လည်း ထိန်းချုပ်နိုင်သည့်အဆင့်သို့ ပြေလျော့သွားပြီဖြစ်သည်။
ချွတ်~~
သူ့နားရွက်နှစ်ဖက်က ထိုးထောင်သွားရရင်း အသံလာရာဆီ တိမ်းစောင်းသွားသည်။ ပကတိငြိမ်သက်နေသော ပတ်ဝန်းကျင်ကြောင့် သူ့လက်တွေဆီက အသံများလား တွေးမိသွားရင်း နောက်တစ်လှမ်းဆက်လျှောက်သည်။
ချွတ်~~~
ထပ်မြည်လာသော အသံအရ သူမှားနေခြင်းမဟုတ်တော့။ ဘေးကို ဝေ့ဝဲကြည့်မိတော့ အမှောင်ထဲတွင် တောက်ပနေသော မျက်ဝန်းနီနီတစ်စုံ။ သစ်ပင်ကြီးများကျဲပါးသော နေရာတစ်ခုအဖြစ်သာ သိပြီး သူရောက်နေသော နေရာအတိအကျကို မသိတော့ပါ။
ရောထွေးနေသော အနံ့ပေါင်းစုံကြားထဲတွင် သူ့ရှေ့မှအကောင်သည် ဘာကောင်မှန်း မသိသေးပါ။ ကြီးနိုင်ငယ်ညှင်းသဘာဝကို အပြည့်အဝနားလည်ထားသည်မို့ ကိုယ်ဟန်ကို အဆင်သင့်ပြင်ဆင်ထားလိုက်သည်။ လှမ်းနေသော ခြေလှမ်းများကို မရပ်တန့်စေတော့ သူ့လက်မှ တချွင်ချွင် အသံများက ဆက်တိုက်ထွက်ပေါ်သည်။
နီနီမျက်ဝန်းတစ်စုံလည်း ပျောက်ကွယ်သွားသလို သူ့အနားတိုးလာသော ခြေသံများကိုလည်း ကြားလိုက်ရသည်။ လေတိုးသံခပ်ပြင်းပြင်းဝေ့ဝဲသွားပြီး သူ့ရှေ့တွင် အနက်ရောင်တောက်နေသော ကျားသစ်တစ်ကောင် ဘွားကနဲ ပေါ်လာသည်။ မုဆိုးလည်း သားကောင်၊ သားကောင်လည်း မုဆိုးဆိုသည့်အတိုင်း သူက သားကောင်တစ်ဖန်ပြန်ဖြစ်သွားသလို ခံစားလိုက်ရသည်။
"ဝေါင်းးးး"
ကျယ်လောင်သော ဟိန်းသံအဆုံး သူ့ဆီ ခုန်အုပ်လာသော ကျားသစ်နက်။
အသားစားသတ္တဝါချင်းပြန်တိုက်ခိုက်ရခြင်းမို့ နှစ်ဖက်လုံးက သတိမလွတ်ရဲသည့် အခြေအနေဖြစ်သည်။ ခိုးကြောင်ခိုးဝှက်မလုပ်ဘဲ မျက်နှာချင်းဆိုင် ရင်ဆိုင်တတ်သော တော၏ သတ္တဝါကြီးကို သူက လွတ်ရုံလေးမဟုတ်ဘဲ အားထုတ်ကာ ရှောင်လိုက်ရသည်။
YOU ARE READING
Du-AL [A/B/O]
FanfictionImpossible, uh? We will crop 'Im' in it! ..... JinKook...... #30.5.2022 #FreyaandMirror #collaboration