ပြန့်ကျဲနေသောတိမ်ကျောင်းတော်တွင်ယောက်ျားကျင့်ကြံသူနှင့်မိန်းကလေးကျင့်ကြံသူတွေမှာအချိုးကျပါဝင်ကြပြီးသူတို့အားလုံးမှာလက်တွဲဖော်ကိုယ်စီရှိကြသည်။အမှန်တကယ်လည်းပြန့်ကျဲနေသောတိမ်ကျောင်းတော်ကြီးဟာနှစ်ကိုယ်တူကျင့်ကြံခြင်းကိုအလေးထားကျင့်ကြံအားထုတ်ကြပြီးယောက်ျားလေးတွေဆိုရင်တစ်ယောက်ထက်မကတဲ့မိန်းကလေးကျင့်ကြံသူတွေရှိကြသလို၊တစ်ချို့သောစွမ်းအားမြင့်မိန်းကလေးကျင့်ကြံသူတွေ၌လည်းယောက်ျားလေးအဖော်တွေများစွာဝိုင်းရံလျက်ရှိသည်။

သိမ်မွေ့သောနှင်းပွင့်ကျောင်းတော်ကတော့ကွဲပြားသည်။သူတို့ကမိန်းကလေးသီးသန့်ကျောင်းတော်ဖြစ်ပြီးမိန်းကလေးကျင့်ကြံသူတိုင်းဟာသူတို့ရဲ့အပျိုစင်ဘဝကိုထိန်းသိမ်းထားဖို့ရန်လိုအပ်သည်။

မည်သို့ပင်ဆိုစေကျောင်းတော်ကြီးနှစ်ခုလုံးဟာသူတို့ကျောင်းရဲ့အတော်ဆုံးထိပ်ဆုံးအဆင့်ကျောင်းသား၁၀၀ကိုယ်စီခေါ်ဆောင်လာကြသည်။

'ပြန့်ကျဲနေသောတိမ်'ကျောင်းတော်ကိုဦးဆောင်လာသူမှာခန့်ညားတဲ့သက်လတ်ပိုင်းအရွယ်အကြီးအကဲတစ်ယောက်ဖြစ်ပြီးကြီးမြတ်သူအထွတ်အထိပ်အဆင့်ကျင့်ကြံသူဖြစ်သည်။သူကကြီးမြတ်သောကောင်းကင်နတ်ဘုရားအဆင့်သို့ရောက်ရှိရန်ခြေတစ်လှမ်းလောက်သာလိုတော့သည်။

သိမ်မွေ့သောနှင်းပွင့်ကျောင်းတော်ရှိပါရမီရှင်ကျောင်းတော်သားတွေကိုဦးဆောင်လာသူကတော့လွန်စွာလှပကာကျက်သရေရှိသည့်အမျိုးသမီးတစ်ဦးဖြစ်ပြီးသူမကလည်းကြီးမြတ်သူအဆင့်ပင်ဖြစ်သည်။

ေကျာင်းတော်ကြီးနှစ်ခုရဲ့ပြိုင်ပွဲဝင်မည့်ကျောင်းတော်သားတွေနဲ့အကြီးအကဲတစ်ချို့ဟာဦးဆောင်သူကိုယ်စီနဲ့အတူသက်ဆိုင်ရာစင်မြင့်အသီးသီး၌သွားထိုင်ကြသည်။

ရှောင်ကျန့်ဟာသူ့မေးစေ့ကိုခပ်ဆဆပွတ်သပ်လိုက်ရင်း'သိမ်မွေ့သောနှင်းပွင့်' ကျောင်းတော်ကြီးရှိရာနေရာသို့အကြည့်ရောက်သွားသည်။သူ့မျက်လုံးကိုခဏမျှကစားလိုက်ရင်းမိန်းမလှလေးတွေကြားထဲ၌တစ်မူထူးခြားစွာကွဲပြားနေသည့်မိန်းမလှလေးတစ်ယောက်ကိုတွေ့ရှိလိုက်ရသည်။

system 091 Where stories live. Discover now