Part 27

11K 811 5
                                    

Unicode

နောက်ထပ်လွှတ်လိုက်တဲ့ alpha တွေနဲ့လဲအဆက်အသွယ်မရတာကြောင့် မဟာကိုယ်တိုင်လိုက်သွားဖို့ဖြစ်လာ၏။ နှစ်ဖက်လူကြီးတွေနဲ့မောင်နှမတွေကတော့မသွားစေချင်။ သို့‌ပေမယ့် မသွားလို့မဖြစ်တာကြောင့် သူတို့လည်းနားလည်၏။ ကိုလတ်လျှံထက်ဟန်ကတော့ သားဖေဖေနဲ့အတူလိုက်သွားဖို့ လုပ်နေသည်။ တစ်ယောက်ထဲတော့မဖြစ်ဘူး ငါလိုက်မယ်ဟုဆိုကာ ပြင်ဆင်နေ၏။ ခရီးသွားမယ့်ဖေဖေ့အတွက် အဝတ်အစားအဟောင်းတွေကိုအိတ်တစ်လုံးထဲထည့်ပေးနေတဲ့ ပါးပါးကိုသားက ကုတင်ပေါ်မှာပုံ့ပုံ့လေးထိုင်ကာ ကူလုပ်နေ၏။ ကူလုပ်နေတာတခြားတော့မဟုတ် ပါးပါးကအဝတ်တွေလိပ်ပြီးအိတ်ထဲထည့်ချိန် မဟာစည်သွေးက အိတ်ထဲထည့်ချိန်ပါးပါးလက်ထဲကအဝတ်စရဲ့တစ်ဖက်ကိုကိုင်ထား၏။ ထည့်လိုက်ချိန်ဆိုရင် တစ်ထည် နှစ်ထည်လိုက်ရေပေးနေတာ။ သားကိုကြည့်ကာ စက်သွေးပြုံးလိုက်မိသည်။ အားလုံးထည့်ပြီးချိန်မှာ‌တော့ စက်သွေးက ကုတင်အောက်မှာ ဒူးထောက်ထိုင်လိုက်ရင်း သားရဲ့လက်ဖောင်းဖောင်းလေးကိုကိုင်ကာ

"ဖေဖေကခရီးထွက်ရမှာမို့ သားသားကဖေဖေသွားခါနီး မငိုရဘူးနော်"

"ဝေးကြီးသွားမှာလား"

"အင်း သားထင်တာထက် နည်းနည်းလေးဝေးတယ်"

"ကြာကြီးကြာမှာလား"

"အကြာကြီးမကြာပါဘူး ဖေဖေကလူတွေကိုကယ်တင်ဖို့သွားမှာ"

"လူတွေကိုကယ်တင်ဖို့"

"အင်း ဖေဖေကလူတွေကိုကယ်တင်ဖို့သွားမှာမို့ ဖေဖေခရီးသွားမယ့်အချိန်ကျရင် သားကမငိုဘူးမလား"

"မငိုဘူး ဖေဖေ့ကို အာဘွားအများကြီးပေးမယ်"

"အိုး..ပါးပါး သားလေးကလိမ္မာလိုက်တာ"

အစည်းအဝေးအခန်းထဲကပြန်ထွက်လာတဲ့ မဟာမြတ်သွင်ကတော့ အိပ်ခန်းထဲဝင်လာလိုက်၏။ ကျောပိုးအိတ်လေးတစ်လုံးကအဆင်သင့်ရှိနေပြီး သားနဲ့သားပါးပါးကစကားပြောနေလေရဲ့။

"သားသားနဲ့ပါးပါး ကဘာတွေပြောနေတာလဲ"

"ဖေဖေ့ကိုအာဘွားအများကြီးပေးဖို့ပြောနေတာ"

Where My Mate (Complete) Uni & Zawgyi Where stories live. Discover now