Part 18

15.8K 1.1K 16
                                    

Unicode

မနက်စောစောထပြေးပြီး ပြန်လာတဲ့အထိသွေးကမနိုးသေး။ သူအရင်နိုးသွားတုန်းက စောင်တွေသေချာခြုံပေးခဲ့ပေမယ့် အခုတော့ စောင်ကတခြားလူကတခြားနှင့်။ ခြေထောက်နဲ့လက်တွေဆိုတာလဲ ဟိုနိုင်ငံနဲ့ဒီနိုင်ငံပို့ထားသလို တောင်တစ်ချောင်း မြောက်တစ်ချောင်း။ မဟာမြတ်သွင်မှာထပြေးပေမယ့် အဝေးကြီးတော့မဟုတ်။ ခြံထဲမှာပဲ ပတ်ပြေးနေရတာဖြစ်သည်။ သူ့ကလေးလေးရဲ့ ကိုယ်ဝန်ဆိပ်တတ်တာကတစ်မျိုး။ မနက်မိုးလင်းလို့နိုးလာရင် သူ့ကိုကိုက်ရမှကျေနပ်တာဖြစ်သည်။ မနက်လင်းလို့မှ မဟာမြတ်သွင်ကို မကိုက်ရရင် စက်သွေးသစ်တို့က တစ်အိမ်လုံးကိုပတ်ပြီးပြဿနာရှာသလို သူ့မျက်လုံးထဲမြင်သမျှအချိုးမပြေဘူးဆိုလိုက်ပြောနေတော့တာ။ ဗိုက်ကလေးက အရမ်းမပူသေးပေမယ့် နည်းနည်းသိသာနေတာကြောင့် စက်သွေးက မဟာမြတ်သွင်အင်္ကျီတွေပဲယူဝတ်တော့သည်။

မဟာမြတ်သွင်ကိုသင်တန်းပို့ချနေတဲ့ ဆရာတွေလဲအခုတော့ သမ္မတရုံးမှာသင်ရတာမဟုတ်တော့။ သူတို့အိမ်ကိုလာသင်ရတာဖြစ်သည်။ စက်သွေးက ဒီလိုအချိန်မှာမဟာမြတ်သွင်ရဲ့ Pheromones ကိုမှမရရင်မနေနိုင်တော့။

"အိပ်နေတာလေးကကွာ ရွှတ်!"

အိပ်နေသူကိုကြည့်ကာအသည်းယား၍ ပါးကိုခပ်ကြမ်းကြမ်းလေး နမ်းပစ်လိုက်သည်။ ခြေထောက်တွေလက်တွေပြန်စုပေးကာ သူရေချိုးခန်းဝင်ဖို့လုပ်ရ၏။ အချိန်ကြည့်တော့ စာသင်ချိန်စတော့မယ်မလား။ ရေချိုးသန့်စင်နေတုန်း မဟာမြတ်သွင်ပြုံးလိုက်၏။ သူ့နားထဲမှာ သွေးရဲ့စကားသံတွေဝင်ရောက်လာနေပြီလေ။
'ဟင့်! ဘေးနားမှာလဲ မရှိဘူး ဘယ်ရောက်သွားတာလဲ' တဲ့ တိုးတိုးလေးပြောနေတာဖြစ်၏။

"ကိုယ်ရေချိုးနေတာ နိုး‌ပြီလား ကလေးလေး"

ရေချိုးခန်းကထွက်ထွက်ချင်းပြောလိုက်တဲ့စကားကြောင့် စက်သွေးမှာခဏငြိမ်သွား၏။ သူပြောတာတိုးတိုးလေးပါ။ ရေချိုးခန်းထဲကတော့မကြားလောက်ပါဘူး။ သွေးရဲ့စကားပြောသံတွေကို သူကြားနေရတယ်ဆိုတာ သွေးသိလို့မဖြစ်။ သိသွားရင် သူဒီလိုကြားရတော့မှာမဟုတ်။ အိပ်ရာပေါ်ကစက်သွေးကတော့ လူးလှိမ့်ကာထလာတော့သည်။ စက်သွေးကြည့်ရတာပေါ့ပေါ့ပါးပါးပင်။ ထထိုင်ကာ ကုတင်အောင်ကို ရုတ်တရက်ခပ်မြန်မြန်ဆင်းလိုက်တာကြောင့် မဟာမြတ်သွင်မှာ ချက်ခြင်းပြေးကာ ထိန်းလိုက်ပြီး

Where My Mate (Complete) Uni & Zawgyi Where stories live. Discover now