Part 14

14.8K 1K 20
                                    

Unicode

အိမ်အပြန်ခရီးက ဒီတစ်ခါတော့နှစ်ယောက်ဖြစ်သွားပြီး အိမ်ကားနဲ့ပြန်ပါဆိုတာကြောင့် သက်တောင့်သက်သာရှိ၏။ မဟာမြတ်သွင်တို့ဘက်က ပါးပါးကိုတောင်းဆိုလိုက်တာလို့သူထင်သည်။ ဒီကောင့်လေးလေးက သူ့တူကိုအထိအခိုက်မခံ။ ဘော်ဒီဂတ်ဆိုတဲ့လူတွေပါမလာပဲ တော်သေးတယ်ဟုပြောရမည်။ လမ်းမှာမြင်မြင်သမျှလိုက်ကြည့်ပြီးမေးနေတဲ့မဟာမြတ်သွင်ကို စိတ်လိုက်ရပြောပြနေသူက စက်သွေး။ ကားစီးရင်အိပ်လိုက်တဲ့အကျင့်က မဟာမြတ်သွင်နဲ့အိမ်အပြန်ခရီးမှာတော့ ဘယ်ရောက်လို့ရမှန်းမသိ တရေးမှမအိပ်လိုက်ရ။ ကားက သစ်ပင်နွယ်လေးတွေနဲ့ဖုံးနေတဲ့ခြံရှေ့မှာရပ်သွားပြီဖြစ်ပြီး သူတို့ကားပေါ်ကဆင်းကြ၏။

"ဘဘ ကျွန်တော်တို့ရောက်ပြီ"

စက်သွေးအထဲက အဘသိန်းကိုလှမ်းအော်လိုက်၏။ ပါလာတဲ့အဝတ်အိတ်တွေချပြီး ကားကိုပြန်လွှတ်လိုက်သည်။ သူတို့ဒီမှာကြာကြာနေမှာဖြစ်၏။ အဝတ်အိတ်ကိုဆွဲကာ နှစ်ယောက်အထဲဝင်ကြ၏။ နွယ်ပင်တွေဝန်းရံထားတဲ့ခြံ‌စည်းရိုးနောက်မှာတော့ ချစ်စရာအိမ်ကိုမဟာမြတ်သွင်တွေ့လိုက်ရတော့သည်။

"သွေး ကိုယ်တို့ဒီမှာတစ်သက်လုံးနေကြမလား"

"မင်းနေနိုင်လို့လား"

"သွေးနဲ့ဆို နေနိုင်တာပေါ့"

စကားကိုအနှောင့်အသွားမလွတ်အောင်ပြောတဲ့ မင်းသမီးလေးကိုသူဘာလုပ်ရင်ကောင်းမလဲ။ သူလှည့်ကြည့်လိုက်တော့လဲ သွားကိုအသားကုန်ဖြဲပြီးရယ်ပြနေတယ်လေ။ တတ်လဲတတ်နိုင်တဲ့ကောင်။

"သားလေးလာလာ ဘဘအကုန်ပြင်ထားပေးတယ်၊ သားပြောထားတဲ့ ဧည့်သည်လား"

"ဟုတ်တယ် ဘဘ၊ ကျွန်တော့်အတန်းဖော် မဟာမြတ်သွင်"

မဟာမြတ်သွင်ဆိုတဲ့နာမည်ကြားတာနဲ့ ဘဘသိန်းက မင်းသမီးလေးကိုအရိုအသေပေးသလို။ စက်သွေးအနည်းငယ်တောင်ကြောင်သွား၏။

"အထဲမှာ အားလုံးပြင်ဆင်ပြီးပါပြီ၊ လိုအပ်တာရှိရင် အဘကိုပြောပေးပါ"

ဘဘက အလုပ်သမားတွေကိုအိတ်တွေနေရာချခိုင်းကာ သူတို့နှစ်ယောက်ကိုခေါင်းငုံ့ကာအရိုအသေပေးပြီးပြန်ထွက်သွား၏။

Where My Mate (Complete) Uni & Zawgyi Where stories live. Discover now