Part 5

16.7K 1.2K 14
                                    

Unicode

"သွေး..သွေးလို့"

"ပြောလေကွာ ဘာဖြစ်နေတာလဲ"

"သွေးကခေါ်နေတာထူးမှမထူးတာ"

"မင်းအလကားနေလျှောက်ခေါ်နေတာကို"

"ဘယ်မှာအလကားနေလျှောက်ခေါ်လို့လဲ တစ်ခါပဲခေါ်ရသေးတယ်"

"ကဲ ကျွန်တော့်ရဲ့မင်းသမီးလေး ပြောစေ"

"ဟားဟား၊ အင်း နှစ်ဝက်စာမေးပွဲဖြေရတော့မယ်၊ သွေးရဲ့မင်းသမီးလေးနဲ့စာအတူတူမလုပ်ချင်ဘူးလား"

"လုပ်နေတာပဲလေ"

"မဟုတ်ဘူး ကိုယ့်အိမ်မှာ"

"မလိုက်ဘူး"

"ဘာဖြစ်လို့လဲ"

"ဘာမှမဖြစ်ဘူး ဒီလိုပဲသူများအိမ်ကိုမလိုက်တတ်လို့"

"သူများလားကိုယ်က ပြောတော့ သွေးရဲ့မင်းသမီးလေးဆို"

"မဟာမြတ်သွင် စောက်ရမ်းလည်တဲ့ကောင်"

"ဘယ်မှာလည်လို့လဲ"

"ဟုတ်ပါတယ် မင်းမလည်ပါဘူး၊ ဒါပေမယ့် ငါကတခြားသူအိမ်တွေလိုက်မလည်တတ်ဘူး၊ အခုလဲတစ်နေကုန် ကျောင်းမှာစာအတူတူလုပ်နေတာလေ၊ ငါ့ကိုဒီတစ်ခုတော့နားလည်ပေး"

"မင်းသမီးလေးစိတ်မကောင်းဖြစ်သွားပြီ"

မဟာမြတ်သွင်က သူ့ကိုစက်သွေးသုံးနှုန်းသလို မင်းသမီးလေးလို့သုံးနှုန်းကာ သူ့စိတ်မကောင်းဖြစ်တာကိုသိစေရန် သူ့ခုံဘက်ပြန်လှည့်၍မလက်တွေပေါ်ခေါင်းကိုမှောက်ချထား၏။ စက်သွေးမှာလဲ မဟာမြတ်သွင်ကိုကြည့်ကာ ရယ်ပဲရယ်နေရတော့သည်။ သူခုံမှထကာ မဟာမြတ်သွင်ခုံဘေးသွားရပ်ရင်း တစ်ချက်ကြည့်ပြီး ခေါင်းကိုငုံ့ကိုင်းလိုက်၍

"မင်းသမီးလေးနဲ့ ညနေအတူတူအပြင်မုန့်သွားစားမယ် ကျေနပ်လိုက်တော့နော်"

"တကယ်လား"

ခွပ်~

အာ့!

"ဟင်! အသွေး အရမ်းနာသွားပြီ၊ ကျောင်းဆေးခန်းသွားရအောင်"

စက်သွေးကငုံ့အပြော မဟာမြတ်သွင်ကဆက်ကနဲခေါင်းထောင်အကြည့် စက်သွေးမေးစေ့ကိုခေါင်းနဲ့ဆောင့်မိကာ ခွက်ကနဲအသံထွက်သွားတော့သည်။ စက်သွေးမှာ သွားနဲ့နှုတ်ခမ်းကြိတ်မိသလိုဖြစ်သွားကာ နှုတ်ခမ်းပေါက်၍သွေးအနည်းငယ်ထွက်လာပါတော့သည်။ ထိုအချိန်မှာပဲ မဟာမြတ်သွင်တို့ဆောက်တည်ရာမရတော့။ လက်ကိုဆွဲပြေးကာကျောင်းဆေးခန်းကိုပြေးတော့၏။

Where My Mate (Complete) Uni & Zawgyi Onde histórias criam vida. Descubra agora