Part 1

40.9K 1.6K 60
                                    

Unicode

မြို့တော်မှာရှုပ်ယှက်ခက်နေပါသည်။ တစ်ဖက်မှ ဘုရင်နဲ့သူတို့နိုင်ငံရဲ့သမ္မတတို့ရဲ့ သားနှစ်ယောက်ရဲ့သံတမာန်ရေးရာလက်ထပ်ဖို့အကြောင်းဆွေးနွေးမှုကြောင့်ပင်။ ဒါကစီးပွားရေးရော လူမှုရေးအရပါ ပတ်သတ်ဆက်နွယ်နေ၏။ ပြည်သူတွေအားလုံးကတော့လက်မခံချင်ကြ။ ဘာကြောင့်လဲဆိုတော့သူတို့သမ္မတရဲ့သားက Omega ဖြစ်နေတာကြောင့်ပင်။ တစ်ဖက်က Alpha ကိုကြည့်တော့လဲ သူတို့ Omega နဲ့တွဲလိုက်ရင် သူတို့ Omega ကသေးသေးလေးဖြစ်သွားတာကြောင့်လဲပါ၏။ Alpha ကြီးရဲ့ဒဏ်ကို သူတို့ Omega လေးကခံနိုင်ရည်ရှိပါ့မလားလည်းပါတာပေါ့။ သို့ပေမယ့်လည်း ဒီလိုလက်ဆက်ဖို့ဆွေးနွေးတာက နှစ်နိုင်ငံစီးပွားရေးလာဘ်လာဘများပိုတိုးပွားစေသည်။ တခြားနိုင်ငံများနှင့်လည်း စီးပွားရေးအချိတ်အဆက်ကိုဖွင့်ပေးပြီးသားဖြစ်စေ၏။ ဆွေးနွေးမှုအပြီးမှာ ကိုယ်စီကိုယ်စီ နားနေရမယ့်နေရာကိုသွားကြသည်။ တစ်ဖက်က Alpha နဲ့လက်ဆက်ရမယ့် Omega လေးကတော့မျက်နှာမကောင်း။ အကြောင်းကတော့ သူ့မှာချစ်ရတဲ့ ချစ်သူရှိတယ်လေ။ သို့ပေမယ့်လည်း ချစ်ရသူကသူနဲ့ဒီလမ်းကိုရင်မဆိုင်ချင်တာကြောင့် သူကသေချာပေါက် သူ့ကိုလက်ဆက်တဲ့ Alpha နဲ့လက်ထပ်ရမှာပင်။

ဒေါက်~ဒေါက်

တံခါးခေါက်သံကြားတာကြောင့် Omega လေးကခေါင်းထောင်ကြည့်လိုက်၏။ ဝင်လာသူက သူလက်ထပ်ရမယ့်သူ့ရဲ့ Alpha။ သူ့က ကိုယ့်ရှေ့မှာဝင်ထိုင်ကာ

"ကိုယ့်ကိုလက်ထပ်လို့ မင်းမနစ်နာစေရပါဘူး"

.......

"ကိုယ်ကမင်းကိုသဘောကျလို့ ဖေဖေတို့ကိုကမ်းလှမ်းခိုင်းတာပါ"

တစ်ဖက်ကလူက ကိုယ့်ကိုသဘောကျလို့ဆိုတဲ့အချက်ကိုသိတာနဲ့သူ့ရဲ့စိတ်အစုံက အနည်းငယ်တော့ပြေလျော့စေသည်။ ကြောက်စိတ်ကိုပြေစေသည်။ ထိုအခိုက်မှာ သူ့ရှေ့က Alpha ကပြုံးလိုက်သည်။ အကြောင်းကတော့ Omega လေးဘက်ကသူ့ကိုသဘောကျတယ်လို့ပဲပြောရမလား လက်ခံတာကိုသူသိလိုက်တာကြောင့်ပင်။ ဒီရနံ့ပဲ သူရင်းနှီးခဲ့တဲ့ နောက်ကလိုက်ခဲ့ဘူးတဲ့ရနံ့ကဒီအနံ့ပင်။ ဒီအနံ့ကိုသူ ဈေးပွဲတော်တစ်ခုမှာမထင်မှတ်ပဲရခဲ့တာ။ ဘော်ဒီဂတ်တွေဝန်းရံထားတဲ့ ဒီကောင်လေးကတော့သူ့ကိုမသိခဲ့ပါ။ ဒီကောင်လေးဆီကရတဲ့ Pheromones အနံ့နောက်ကိုသူဆက်လိုက်ရင်း ဒီကောင်လေးကဘယ်သူလဲဆိုတာသိခဲ့ရသလို အမှတ်အသားအပေးမခံရသေးဘူးဆိုတာလဲ သူသိခဲ့ရတယ်လေ။ ချစ်သူရှိလင့်ကစားချစ်သူသမီးရည်းစားကြားမှာ ဘာကိစ္စမှမရှိသေးပဲ အမှတ်အသားပေးမခံရတာကိုကသူ့အတွက်ကံကောင်းမှုပင်။ ဒါကြောင့်ပဲသူဖေဖေတို့ကိုပူဆာခဲ့တာ။ စိတ်ရှုပ်ဒဏ်တွေမခံနိုင်တဲ့သူက ဒီကောင်လေးကိုရဖို့ ဖေဖေတို့အမိန်ပေးတဲ့ နိုင်ငံရေးအလုပ်ကိုဝင်လုပ်ခဲ့ရ၏။ ဒီကောင်လေးကိုပိုင်ဆိုင်နိုင်ဖို့ပဲ သူ့ရဲ့ပျော်ပျော်နေတတ်တဲ့အကျင့်စရိုက်တွေကိုလက်လွှတ်ခဲ့ရတာ။ ဒီကောင်လေးကိုပိုင်ဆိုင်ရဖို့ ဒါတွေကိုလက်လွှတ်ရလဲ သူနေနိုင်ပါသည်။ ဘုရင်ဆိုတဲ့နေရာကို အစ်ကိုကြီးကိုပေးလိုက်ပေးလိုက်ပြီး သူကတော့အတိုင်ပင်ခံဆိုတဲ့နေရာကိုယူပေးလိုက်၏။

Where My Mate (Complete) Uni & Zawgyi Where stories live. Discover now