Part 24

13.8K 957 21
                                    

Unicode

နိုင်ငံအကြီးအကဲခန့်အပ်ပွဲက တစ်နိုင်ငံလုံးကိုတိုက်ရိုက်လွှင့်ကာပြသနေ၏။ တာဝန်လွှဲပြောင်းယူတဲ့ နိုင်ငံအကြီးအကဲအသက်ငယ်သေးသည်။ တိုက်ရိုက်လွှင့်ရင်း ကိုယ်ရေးအကျဉ်းအထ္တုပတ္တိကိုချပြထား၏။ Dominant alpha တစ်ယောက်ဖြစ်ပြီး အဖိုးနဲ့အဖေတုန်းကလဲ အကြံပေးအတိုင်ပင်ခံတာဝန်ယူသူများဖြစ်သည်။ မိတ်ဖတ်က dominant omega တစ်ယောက်ဖြစ်ပြီး သားတစ်ယောက်ပါရှိ၏။ မိတ်ဖက် dominant omega ကစီးပွားရေးအထူးပြုဘာသာရပ်ကိုတက်နေပြီး နောက်ဆုံးနှစ်ရောက်နေပြီဖြစ်၏။ မိတ်ဖက်နဲ့သားဘက်ကို ကင်မရာလှည့်ပြချိန်မှာတော့ အားလုံးကနှစ်လိုဖွယ်နဲ့ကြည့်ကြသည်။ စီးပွားရေးအထူးပြုဘာသာရပ်ဆိုလို့သူနဲ့ယူထားတဲ့မေဂျာတူတယ်ဆိုပြီးကြည့်နေတာ တကယ်လဲသူဖြစ်နေလေရဲ့။ သင်တန်းကျောင်းမှာ စစတက်တဲ့နေ့ထဲက ဒီထူးခြားတဲ့မျက်လုံးလေးနဲ့သူ့ကို ကိုယ်ကသတိထားမိသွားတာမလား။ စာသင်ချိန်ပြည့်တာနဲ့ချက်ခြင်းပြန်ပြေးတတ်တဲ့ ဒီကောင်လေးက သားတစ်ယောက်မွေးပြီးသားတဲ့လေ။ ပြီးတော့လဲ သူတို့ဦးညွှတ်ရမယ့်သူရဲ့ မိတ်ဖြစ်နေလေရဲ့။ သူ့မှာစကားသွားပြောချင်ပေမယ့် စာသင်ချိန်ဆက်နေတာရယ် အချိန်ပြည့်တော့လဲ ပြန်ပြန်ပြေးတတ်တဲ့ဒီကောင်လေးကို အခုထိစကားမပြောဖြစ်ခဲ့။ အခုတော့ ဒီကောင်လေးကတိုင်းသိပြည်သိဖြစ်သွားတော့သည်။

"ပါးပါး ဖေဖေ့ဆီသွားမယ်"

"ဖေဖေစကားပြောနေတုန်းမို့လို့ ပြီးရင်ပါးပါးလိုက်ပို့မယ်နော်"

"ဟုတ် ပါးပါး"

မဟာမြတ်သွင်မှာ ကလေးလေးနဲ့သားကို စားပွဲဝိုင်းမှာ ထားခဲ့ပြီးစကားသွားပြောနေရ၏။ စက်သွေးမှာလဲ သားကိုချော့ပြောရသေးသည်။ သူနဲ့သားကို ရိုရိုသေသေလာနှုတ်ဆက်နေတဲ့သူတွေလဲရှိတယ်မလား။ သားက နှစ်နှစ်ကျော်နေပြီဆိုတော့ အရမ်းလည်နေပြီဖြစ်ပြီး အရာအားလုံးကိုစိတ်ဝင်းစားနေပြီဖြစ်၏။ သူနဲ့သားကို လာနှုတ်ဆက်တဲ့သူတွေကိုလဲ စကားပြန်ပြောရသေးသည်။ တကယ်တော့အခါတိုင်းဆို ဒါကသူ့အတွက်ဆိုစိတ်ရှုပ်စရာအပြည့်ပင်။ အခုတော့ ကိုယ့်ယောက်ျားက ဒီလိုတာဝန်ကြီးကိုယူထားမှတော့ လိုက်ဖြည့်ဆည်းပေးနေရတော့သည်။

Where My Mate (Complete) Uni & Zawgyi Where stories live. Discover now