Part 2

21.3K 1.3K 14
                                    

Unicode

"ပါးပါး သားကော်ဖီခင်းထဲသွားအုန်းမယ်"

"အရမ်းမဆော့နဲ့နော် အလုပ်လုပ်နေတဲ့သူတွေကိုလိုက်မနှောင့်ယှက်နော်"

"ရက်စ် ပါးပါး"

ဦးဟန်သွေးမှာ သားအငယ်ဆုံးဖြစ်သူ စက်သွေးသစ်ကိုမှာတမ်းချွေနေရတာဖြစ်သည်။ သားကအငယ်ဆုံးဖြစ်သလိုအရမ်းလဲဆိုးသည်။ သားကမွေးကထဲက လှိုင်းတွန့်ပုံဆံပင်လေးနဲ့ မျက်လုံးစိမ်းအဖျော့လေးနဲ့ဖြစ်ပြီး သားကိုလူတိုင်းကချစ်ကြသည်။ သူ့ရဲ့အစ်ကိုတွေဖြစ်တဲ့ သီဟသွေးနဲ့လျှံထက်ဟန် ကလဲသူ့ညီလေး‌ဘယ်သွားသွားနောက်ကတစ်ကောက်ကောက်လျှောက်လိုက်၏။ ညီလေးကိုဆိုချစ်လို့ကတမျိုး လိုချင်လို့ကတမျိုး ဖမ်းခေါ်ထားချင်တဲ့သူတွေများတယ်မလား။ ဒီနေရာကိုပြောင်းလာပြီးသိပ်မကြာဘူး စက်သွေးသစ်လေး ခဏပျောက်သွားသေးတယ်လေ။ လမ်းပေါ်ဆော့နေတဲ့ကလေးအုပ်စုက စက်သွေးသစ်လေးကိုတွေ့ကာ သူတို့နဲ့အတူဆော့ရန်ခေါ်သွားချင်းပင်။ ဟိုရောက်တော့မဆော့ပဲ စက်သွေးသစ်လေးကိုအလယ်မှာထားကာဝိုင်းရံထားပြီး ဆံပင်လေးတွေကိုင်ကြည့်လိုက် မျက်လုံးလေးတွေကိုလိုက်ကြည့်လိုက်စူးစမ်းနေကြတာပင်။

ဖိုးဖိုးက မြေးတွေနဲ့သူ့ရဲ့နောက်ဆုံးခရီးကိုအေးအေးချမ်းချမ်းဖြတ်သန်းချင်ပါတယ် မင်းတို့အိမ်ကြီးမှာ တစ်စုတစ်စီးထဲပြန်လာနေကြပါအုန်းလို့ခေါ်တုန်းက စက်သွေးသစ်လေးမှာ အသက် ၂နှစ်ဝန်းကျင်လောက်ပဲရှိသေးတာဖြစ်သည်။ ဖေဖေက မြေးတွေကိုထိန်းရင်းနောက်ဆုံးအချိန်ကိုပျော်ပျော်ရွှင်ရွှင်ဖြတ်ကျော်ခဲ့တာ။ သူတို့မိသားစုက အရင်နေရာမှာ အစိုးရလုပ်ငန်းတစ်ခုဖြစ်တဲ့ လျှပ်စစ်ဓါတ်အားဖြန့်ဖြူးဖို့လေလံတင်ပြီး မဟာဂရုအနေနဲ့လုပ်ကိုင်ခဲ့ပေမယ့်ဖေဖေ့ကြောင့် လုပ်ငန်းစုတစ်ခုလုံးရောင်းချပြီး ပြောင်းလာခဲ့ရတာ။ သား‌သမီးတွေကလဲဒီမှာပျော်နေတာကြောင့် မပြန်ဖြစ်တာလဲပါ၏။ ဘာမှမလုပ်ပဲတစ်သက်လုံးထိုင်စားလို့ရတဲ့အနေအထားပေမယ့် သူတို့ဒီမှာကော်ဖီခြံတွေဝယ်ကာ ကော်ဖီစေ့တွေဖြန့်ဖြူးတင်ပို့‌သည်။ သားငယ်လေးဆို တစ်နေ့တစ်နေ့ကော်ဖီခြံထဲမှာအချိန်ကုန်နေတော့တာ။ အကြီးနှစ်ယောက်က Alpha ဖြစ်သည့်တိုင်သားငယ်လေးက Omega ဖြစ်နေတာပင်။ စက်သွေးသစ်လေးသည် Omega ထဲမှာမှ Dominant omega လေးဖြစ်ပြီး အရာရာထိန်းချုပ်နိုင်စွမ်းရှိ‌သူဖြစ်သည်။

Where My Mate (Complete) Uni & Zawgyi Where stories live. Discover now