Part 23

16.4K 1K 10
                                    

Unicode

သားကတစ်နှစ်ခွဲအရွယ်ဖြစ်နေပြီး အရမ်းလဲသိတတ်နေပြီဖြစ်သည်။ ခါတိုင်းသူ့ဖေဖေမနက်ထပြေးတိုင်း ဖေဖေ့‌ကျောပေါ်ကဖြစ်ဖြစ် ဂုတ်ပေါ်ကဖြစ်ဖြစ်လိုက်ပြေးနေကျ။ ဒီနေ့တော့ ကလေးလေးကျောင်းပိတ်ရက်မို့ သားကိုမနှိုးပဲ ကလေးလေးနဲ့ဆက်အိပ်ခိုင်းကာ သူတစ်ယောက်ထဲ ထပြေးလိုက်၏။ ထပြေးပြီး အိပ်ခန်းထဲပြန်ဝင်လာတော့ သူ့အမောပြေလေးနှစ်ယောက်ကအိပ်တုန်း။ ဘယ်သူက သားအဖမဟုတ်ဘူးပြောမှာဆိုးလို့လဲမသိ။ ‌အိပ်နေတာ ခြေထောက်တွေလက်တွေကတောင်တစ်ဖက်မြောက်တစ်ဖက်နှင့် နှစ်ယောက်စလုံးတစ်ပုံစံထဲအိပ်နေတာပင်။ သူကြည့်ကာပြုံးလိုက်၏။ နောက်နှစ်ဆို သူလဲရာထူးတစ်ခုယူရပြီ။ သားပါးပါးလဲ စီးပွားရေးအထူးပြုဘွဲ့ကိုနောက်နှစ်နှစ်လောက်နေရင်ရပြီ။ သားက ရတနာလေးပင်။ စကားပြောတတ်စစကားအသံလေးတွေ တစ်ဖွဲဖွဲတဆာဆာနှင့် ဆည်းလည်းလေးပင်။ ကိုယ်လက်ဆေးကာ ပြန်ထွက်လာပြီး သားအဖနှစ်ယောက်ကိုနှိုးဖို့လုပ်ရတော့သည်။ မျက်နှာပေါ်ရေမွှားလေးတွေနဲ့တောက်လိုက်ပြီး

"ပါးပါးရော သားသားရော ထသင့်ပြီ"

"အင့်"

ပါးပါးဖြစ်သူက အသံပဲပေးပြီး သားဖြစ်သူဘက်ကိုလှည့်ကာထပ်ပြီးဖက်အိပ်ပြန်သည်။ သူဒီနှစ်ယောက်ကိုချစ်လွန်းလို့ဘယ်လိုလုပ်ရပါ့မလဲ။

"ပါးပါးကလေးလေးရေ၊ သားသားမဟာစည်သွေးရေ ဖေဖေနှိုးနေတာ အဖတ်လုပ်ပါအုန်း"

"ဖေဖေမင်းသမီးလေး လာပြန်အိပ်"

သူ့ကိုပြန်အိပ်ခိုင်းနေတဲ့ကလေးလေးကအခုထိမျက်လုံးဖွင့်မလာသေး။ သားကလဲ အခုထိဟောက်သံပိစိလေးထွက်တုန်း လုံးဝနိုးမလာသေး။

"သားသားရေ ထဖို့သင့်နေပြီ"

"ဟွန့် ထချင်တေးဝူး ဖေဖေ"

"အိုး လူဆိုးသားအဖလုပ်နေတာပေါ့ ပါးပါးရော သားသားရော"

သားအဖနှစ်ယောက်ကဖက်တောင်ဖက်အိပ်လိုက်သေး။ နိုးနေတာမထပဲ ပေတေတေလုပ်တဲ့နှစ်ယောက်ကို သူချက်ခြင်းထလာအောင်လုပ်ရအုန်းမည်။ လက်တွေကို ကလေလေးခါးပေါ်တင်ကာပြေးလွှားပေးလိုက်၏။

Where My Mate (Complete) Uni & Zawgyi Where stories live. Discover now