အခန်း-၅၈ ပျော်ရွှင်မှုနှင့် နာကျင်မှုများ ‌မျှဝေခြင်း။

Start from the beginning
                                    

ထိုသို့ အတွေးဝင်လာသည်နှင့် စုယန်က ပြောလိုက်သည်။

"ဝေ့.. ငါတို့ နေရာပြောင်းကြရအောင်။ အာ.. အဆိပ်ဖြေတဲ့နေရာ"

ကုဖေးတိက မျက်လုံးဖွင့်ပြီး သံသယဖြင့် ကြည့်လာသည်။

စုယန်၏ ကနာမငြိမ်ဖြစ်နေသော အမူအရာကို မြင်လိုက်ရသောအခါ သူ မထိန်းနိုင်ဘဲ ရယ်လိုက်မိသည်။

"ဘာဖြစ်လို့လဲ?"

စုယန်က ပြော၏။

"ဒီမှာ အရမ်းလင်းလွန်းတယ်။ ငါမင်းကို မြင်နေရရင် မလုပ်နိုင်ဘူး"

ကုဖေးတိ၏ မျက်လုံးများမှာ အနည်းငယ် မှိန်ဖျော့သွားလေသည်။

"မင်း.. ယောက်ျားတစ်ယောက်နဲ့ ဒါမျိုးလုပ်ရတာကို လက်မခံနိုင်လို့လား?"

"မဟုတ်ဘူး.. မဟုတ်ဘူး.. မဟုတ်ဘူး.. အဲ့လိုမျိုးမဟုတ်ဘူး" စုယန်က ချက်ချင်းငြင်းလိုက်သည်။

"ငါကဒီတိုင်း... နည်းနည်း စိတ်လှုပ်ရှားနေလို့ပါ။ ငါ.. ငါကောင်းကောင်း မလုပ်နိုင်မှာကိုကြောက်တယ်" စကားဆုံးပြီးနောက် သူက ခြောက်ကပ်ကပ် ရယ်မောလိုက်သည်။

ကုဖေးတိက မေးလာ၏။

"ကျောက်စိမ်းကြေးမုံရေကန်အောက်မှာတုန်းက မင်း ဒီလိုပဲ ချီတုံချတုံဖြစ်ခဲ့သေးလား?"

စုယန် ခိုင်ခိုင်မာမာ ဆိုသည်။

"ဂူထဲမှာ အလင်းရောင်မရှိတာကြောင့် ငါစိတ်မပူခဲ့ဘူး!"

ကုဖေးတိက ပြုံးလျက် ခေါင်းယမ်းလိုက်သည်။

"ကောင်းပြီလေ။ ဒါဆို ငါတို့ မင်းလေ့ကျင့်တဲ့ အခန်းထဲကို သွားကြရအောင်"

စုယန်သည် တိတ်တဆိတ် မတ်တပ်ရပ်လိုက်ပြီး ကုဖေးတိ၏ နောက်မှ 'ကြက်သွေးနီညှိုးနွမ်းခြင်း' ကျင့်စဉ် ထွင်းထုထားရာ အခန်းဆီသို့ လိုက်သွားခဲ့သည်။

ကျောက်နံရံထောင့်နှစ်ခုကို ဖြတ်ကျော်ပြီးနောက် ပတ်ပတ်လည် မည်းမှောင်နေသော နေရာတစ်ခုသို့ ရောက်သွားလေ၏။

ကုဖေးတိက ပြောသည်။

"ဟုတ်ပြီ၊ ဒီနေရာမှာ အလင်းရောင်မရှိဘူး။ မင်းလုပ်လို့ရပြီ"

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now