အခန်း-၅၈ ပျော်ရွှင်မှုနှင့် နာကျင်မှုများ ‌မျှဝေခြင်း။

Start from the beginning
                                    

စုယန်က ချောင်းဟန့်လိုက်ပြီး တည်ငြိမ်ဟန်ဆောင်ကာ ဆိုလေသည်။

"ငါတို့‌ အရံအတားတွေ ပေါ်မလာခင် တတ်နိုင်သမျှ မြန်မြန်လုပ်တာ အကောင်းဆုံးပဲ။ မြန်မြန်ပြီးလေ ငါတို့ကျော်ဖြတ်ရမယ့် အခက်အခဲတွေ နည်းလေပေါ့..."

"ကောင်းပြီ" ကုဖေးတိ၏အမူအရာမှာ တည်ငြိမ်နေပြီး မည်သည့်ခံစားချက်ကိုမျှ ထုတ်ဖော်မပြပေ။

နှစ်ယောက်စလုံး ခဏတာ တိတ်ဆိတ်သွားသဖြင့် လေထုသည် ထူးထူးခြားခြား လှုပ်လှုပ်ရွရွ ဖြစ်လာသည်။ စုယန်က ထလိုက်ပြီး ကုဖေးတိရဲ့နံဘေးကို ရွှေ့ထိုင်လိုက်၏။

သူသည် မသိစိတ်က နှုတ်ခမ်းသပ်မိလိုက်ပြီး သူ့နှလုံးသားထဲရှိ နားမလည်နိုင်သော စိုးရိမ်မှုများကို မျိုသိပ်ကာ ကုဖေးတိကို ကြည့်လိုက်လေသည်။

ကုဖေးတိကလည်း သူ့ကိုကြည့်နေလေ၏။ ထိုနက်မှောင်သော သူငယ်အိမ်များတွင် မီးတောက် များက ရောင်ပြန်ဟပ်နေကာ လေထုက ပို၍ မဆင်မပြေဖြစ်လာသည်။

ထိုအကြည့်ကြောင့် စုယန်သည် ပို၍ပင် တုန်လှုပ်သွားခဲ့သည်။

"မင်း..မင်းငါ့ကို အဲ့လိုကြည့်မနေနဲ့။ မျက်လုံးကို မှိတ်ထား! ချောင်းလဲမကြည့်နဲ့နော်!"

ကုဖေးတိက ရယ်မောလိုက်ပြီး နာခံစွာဖြင့် မျက်လုံးများကို မှိတ်ထားလိုက်သည်။

စုယန်သည် ရှေ့သို့တိုးပြီး ကုဖေးတိ၏နှုတ်ခမ်းများကို နမ်းရန် အကြိမ်ကြိမ် ကြိုးစားပါသော်လည်း ယခုထိ မလုပ်နိုင်သေးပေ။

သူသည် စိတ်ပျက်လက်ပျက်ဖြင့် လက်သည်းများကို ကိုက်ကာတွေးမိသည်- ဒါကမဖြစ်သင့်ဘူး။ အရင် ကျောက်စိမ်းကြေးမုံရေကန်အောက်မှာတုန်းက ကုဖေးတိကို CRP ပေးဖို့ စိတ်ပိုင်းဆိုင်ရာ ဖိအားတွေမရှိခဲ့ပါဘူး။ အခုကျ‌တော့ ဘာလို့ မလုပ်နိုင်ရတာလဲ? ဖြစ်နိုင်တာက...

...ပတ်ဝန်းကျင်က အရမ်းလင်းထိန်နေလို့များလား?

ဟုတ်တယ်၊ ကျောက်စိမ်းကြေးမုံရေကန်ထဲက လှိုဏ်ဂူက လုံးဝမှောင်မည်းနေတော့ ဒီလို စိတ်ပိုင်းဆိုင်ရာ ဖိအား ကြီးကြီးမားမားတွေ မရှိခဲ့တာဖြစ်ရမယ်။

ငါတို့ပြိုင်ဘက်လုပ်မယ်ဆိုတဲ့ သဘောတူညီချက်က ဘယ်မလဲ?(ဘာသာပြန်)Where stories live. Discover now