🌸26🌸 (နိဂုံး)

7.9K 560 70
                                    

Unicode

//ပျော်ရွှင်မှုနှင့် အဆုံးသတ်//

အချစ်တဲ့..
အဓိပ္ပါယ်သိပ်ဖွဲ့ရခက်သလို နားလည်သွားတော့ပြန်တော့လည်း အဓိပ္ပါယ်ကို အထူးတလည်ဖော်စရာမလိုပဲ အလိုလိုဖြစ်တည်လာခဲ့ခံစားချက်တစ်ခု..
အကယ်၍ သူ့အားအချစ်ဆိုသည့်နာမ်၏ ဖြစ်တည်မှုကို အဓိပ္ပါယ်ဖွဲ့ပြပါလို့ဆိုလျှင်
သူတစ်ခွန်းသာပြန်ပြောလိမ့်မည်..
အချစ်ဟူသည် လူကောင်ခပ်သေးသေးနှင် သိပ်မြတ်နိုးရသည့်ကောင်ငယ်လေးဟူ၍ပင်တည်း~~

*************************

ကျီကျီကျာကျာမြည်ကြွေးနေသော ကျေးငှက်သာရက‌လေးများ၏ အသံသည်
မနက်ခင်း၏ ရောင်နီနှင့်အတူ ပျံ့လွှင့်နေပြန်သည်..။
အာရုံတက်ချိန်ဖြစ်တာကြောင့်
ရံရွှေတော်အချို့မှာ နိုးထလှုပ်ရှားနေကြပြီဖြစ်သော်လည်း
အိပ်စက်နေကြဆဲဖြစ်သည့် လူသားများလည်းရှိသည်.။
မနေ့ကတင် သွေးချောင်းစီးကာ ဝရုန်းသုန်းကားဖြစ်ခဲ့သော နန်းတော်ရာကြီးသည်
ယနေ့တွင်သန့်ရှင်းရေးလုပ်နေကြသူများ ဟိုသွားဒီသွားဖြင့် လှုပ်လှုပ်ရှားရှား တစ်မျိုးတစ်ဖုံပြောင်းလဲနေခဲ့သည်..။

အချိန်အတော်ကြာ အိပ်စက်အနားယူပြီးဖြစ်တာကြောင့် အနည်းငယ်ဝေ‌တေတေဖြစ်နေသော ခေါင်းနှင့်အတူ
ဂျီမင်၏မျက်လုံးအစုံသည်ဖြည်းညင်းစွာပွင့်လာခဲ့သည်..။ ကျေးငှက်သံလေးများမှအပ တစ်ခြားဘာအသံမှ မကြားရသည့် အဆောင်အတော်အတွင်း
နွေရာသီဖြစ်သည့်အလျောက် အနည်းငယ်ပူနေသဖြင့် အခန်းတွင်းသို့ မျက်လုံးဝေ့ကြည့်လိုက်တော့
လှစ်ဟထားသည့် ပြတင်းပေါက်ဆီမှ
‌နံနက်ခင်း၏နေရောင်ခြည်လေးသည် အဆောင်တော်အတွင်းသို့ တိုးဝင်နေခဲ့သည်..။

အရာအားလုံးအဆင်ပြေခဲ့လို့ တော်သေးတာပေါ့~

ဆက်အိပ်နေလျှင် ခေါင်းမကြည့်ဖြစ်မှာစိုးတာကြောင့် ထထိုင်ဖို့အားယူလိုက်စဉ်
ခပ်နွေးနွေးနှင့်ဖြစ်နေပြီး တစ်စုံတစ်ယောက်၏ဆုပ်ကိုင်ထားခြင်းကို ခံစားရသော ‌လက်တစ်စုံကြောင့် ပြတင်းပေါက်ဆီမှ ကုတင်ဘေးသို့ အကြည့်ပြောင်းမိလိုက်သည်..။
သို့သော် မြင်လိုက်ရသည့် မြင်ကွင်းလေးကြောင့်
ဂျီမင့်၏ နှုတ်ခမ်းလေးသည်ပြုံးရောင်သန်းသွားရပြန်သည်..။
ဂျီမင့်၏ လက်သေးသေးလေးအား ဆုပ်ကိုင်ကာ ကုတင်ပေါ်ခေါင်းလေးတင်လို့ အိပ်ပျော်နေခဲ့သော ဂျီမင်တစ်ဦးတည်း၏ အရှင်..။

❀အရှင့်ရဲ့ အဖြူရောင်ပန်းငယ်❀ (Complete)Where stories live. Discover now