🌸6🌸

5.1K 719 83
                                    

Unicode

// နီရဲလာသောအဖြူရောင်.//

လေအနည်းငယ်တိုက်နေသော်လည်း မွန်းတည့်ချိန်ဖြစ်သည့်အလျောက် အပူရှိန်ကတော့မနည်းပေ...။

စစ်ရေးလေ့ကျင့်သည့် ကွင်းပြင်တွင် လေ့ကျင့်နေသူအများအပြားမရှိ..။
အတိအကျဆိုရလျှင် တစ်ယောက်သာရှိသည်ဟုပြောရပေမည်..။
ခပ်ရင့်ရင့် အနီပုပ်ရောင်အကျီနှင့်
အချိုးကျကျတည်ရှိနေသော ခန္ဓာကိုယ်ငယ်..။

ထိုအနီပုတ်‌ရောင် အကျီနှင့် ဓားရေးလေ့ကျင့်နေသော ထိုလူ၏လက်များသည်..တည်ငြိမ်မှုမရှိ..ဟန်ချက်ကိုကား နိုင်အောင်မထိန်းနိုင်ပေ..။
နီရဲပေါက်ပြဲနေသော လက်နုနုလေးများနှင့် နဖူးစက်မှချွေးများသည်
ထိုလူသား၏ မကျွမ်းကျင်မှုနှင့်ကြိုးစားမှုကို သက်သေပြနေခဲ့သည်...။

ဓားအစစ်ကိုကိုင်ဆောင်ထားတာကြောင့်
လေ့ကျင့်ရင်းမတော်တဆထိသွားသည့် ရှရာများက ထိုသူ၏အသားအရေနုနုလေးတွင် အကျည်းတန်စွာနေရာယူသည်...။

"လောလှချည်လား ချင်မ်..ဖြေးဖြေးပေါ့..အဆင့်ကျော်ပြီး ဓားအစစ်တွေမကိုင်ပါနဲ့ဦးလား.."

လေ့ကျင့်ကွင်းတွင်းသို့ တစ်လှမ်းချင်းဝင်လာသည့် အိမ်ရှေ့စံက
မကျွမ်းကျင်စွာ အပြင်းအထန်လေ့ကျင့်နေသည့် ထိုလူသား တစ်နည်း ဂျီမင် ၏လက်ထဲရှိ ဓားအား နေရာကျအောင် ပြင်ဆင်ပေးလိုက်ပြီး..စိတ်ပူစွာပြောလာသည်..။

"အချိန်တွေရှိပါသေးတယ်..အခုမှ နှစ်လတောင်မပြည့်သေးတာကို.."

"မင်းမသိဘူး ထယ်..
ငါပျော့ညံ့နေသရွေ့ ခံစစ်ကနေလွတ်မှာမဟုတ်ဘူး.."

စကားပြောရတာ ပို၍လက်ပေါက်ကပ်လာရသော ဂျီမင်သည်..တစ်ခုခုဆိုလျှင် ထိုစကားနှင့်သာပြန်ချေပသည်...။
လက်ထဲမှ ဓားကိုလုံးဝမချ..။

ဘယ်လောက်ပြောပြော ခေါင်းကြောမာနေမည့် သူငယ်ချင်းဖြစ်သူကြောင့် ဘေးကနေက လက်ပိုက်ရင်းရပ်ကြည့်ပေးနေလိုက်တော့သည်...။
သဘောကတော့ မင်းမသွားသရွေ့ ငါလည်းဒီကမရွေ့ဘူးဆို သည့်သဘော..။

ချင်မ်က ကိုယ့်ကိုကိုယ်အပြင်းအထန်ဖိအားပေးလွန်းသည်..။
အရင်က စောင်းကဲ့သို့သော တူရိယာမျိုးသာ ကိုင်သည့်အနုပညာလက်က
နှစ်လတောင်မပြည့်ခင် အတင်းအကြမ်း သန်မာတဲ့ လက်အဖြစ်ပြောင်းလဲလို့
ရမည်တဲ့လား....?

❀အရှင့်ရဲ့ အဖြူရောင်ပန်းငယ်❀ (Complete)Waar verhalen tot leven komen. Ontdek het nu