🌸19🌸

3.8K 515 64
                                    

Unicode

//တစ်ဖက်စာမျက်နှာ~//

လေပြည်လေးများတိုက်ခတ်လျက်ရှိသော ညအချိန်သည်
ဝိုင်းစက်စက် လမင်းကြီး၏ အလင်းရောင်ကြောင့်
ထိန်ထိန်သာနေခဲ့သည်.။
တစ်ချက်တစ်ချက် အတင်းတိုးဝှေ့တိုက်ခတ်လာသည့် လေ‌ပြင်းများကြောင့်
ပန်းရနံ့လေးများသည်လည်း တစ်ချက်တစ်ချက်သင်းသွားသေးသည်...။

ထိုသို့သောညအချိန်ကိုအမှီပြုကာ
န်န်းတော်အတွင်း၌
အရိပ်လေးတစ်ခုသည် ဟိုနေရာပုန်းလိုက်
သည်နေရာပုန်းလိုက်ဖြင့် တရိပ်ရိပ်ပြေးလွှားနေသည်..။
အထက်တန်းဆန်ဆန်သခင်လေးတစ်ယောက်၏
အသွင်အပြင် ဝတ်စားထားသည့်
ထိုအရိပ်လေးသည် နန်းတွင်းမှ ခိုးထွက်ရန်ပြင်နေသယောင်...။
အမှန်တကယ်လည်း ခိုးထွက်ရန် ကြံနေခြင်းပင်...။

ထူးဆန်းစွာပင် ယနေ့ညမှ အစောင့်များသည်
အရမ်းထူထပ်မနေ အသွားအလာချောင်နေသည်ဟုဆိုရမည်..။
ထိုအခြေအနေသည် မူသိပ်မမှန်သော်လည်း
အရေးကြီးသည်က ဒီညအပြင်ရောက်ဖို့သာ..။

ဘယ်ညာခေါင်းဝေ့ကာ ကြည့်လိုက်ပြီး လူရှင်းပြီမလို့ နန်းတော်၏အနောက်ရှိ
ခပ်နိမ့်နိမ့်ဖြစ်နေသော အုတ်တံတိုင်းကိုလွှားခနဲကျော်တက်လိုက်သည်...။
အခုန်အပျံအကျော်အလွှားတွင်ပိုင်နိုင်တာကြောင့် အကျသက်သာသည်ဟုပင်ဆိုရမည်..။

"ဒါဘယ်လဲ မင်ငယ်..!"

"ဟမ်..!"

အင်္ကျီတွင်ပေနေသော ဖုန်မှုန့်လေးများအား လက်နှင့်ခါပစ်လိုက်ပြီး ခန္ဓာကိုယ်ကို လှည့်လိုက်စဉ်
ကြားလိုက်ရသည့် အသံနှင့်
တွေ့လိုက်ရသည့်
မျက်နှာကြောင့် ဂျီမင် အံ့ဩစွာ အသံပြုမိ၏။

"ပြောပါဦး..ကိုယ့်ဆီခွင့်မတောင်းပဲ နန်းတွင်းကခိုးထွက်တာ ဘယ်လောက်အပြစ်ကြီးသလဲ မသိဘူးလား မင်ငယ်..!"

ဒေါသံအနည်းငယ်စွတ်နေသည့် အရှင့်စကားအား လျစ်လျူရှု့ကာ
ဂျီမင်တစ်ယောက် စိတ်ထဲတွင်သာ တစ်ကိုယ်တည်းကျိန်ဆဲနေမိသည်..။
ဂျီမင့်ရဲ့အပျိုတော် ဂျူယွန်းကို စုံစမ်းခိုင်းခဲ့တုန်းက
အရှင်ဒီညအလုပ်တွေအရမ်းများနေလို့ နန်းဆောင်တောင် ပြန်မလာနိုင်လောက်တော့ဘူးတဲ့..။
အခုဘယ်လိုဖြစ်ပြီး ဒီဟာကြီးက ကိုယ့်ရှေ့ရောက်နေသတုန်း..!

❀အရှင့်ရဲ့ အဖြူရောင်ပန်းငယ်❀ (Complete)Where stories live. Discover now