🌸14🌸

4.6K 620 200
                                    

Unicode

//မုန်းပစ်တော့မယ်အရှင်//

ကျယ်လောင်စွာ ဆွဲပိတ်ခံလိုက်ရသည့်တံခါးလေး၏ အသံသည် နန်းဆောင်အပြင်ရှိလူများကိုပါ တုန်လှုပ်ကြောက်လန့်သွားစေသည်...။

ထိုအပြုအမူ၏ပိုင်ရှင်ဧကရာဇ်သည်ကား ဒေါသကြောင့်တင်းမာနေသည့် မျက်နှာထားနှင့်အတူ လက်ထဲရှိ အလှငယ်လေးအား ပွေ့ချီထားသည်..။
ထိုပန်းနီပွင့်လေးကား ရှက်လွန်းတာကြောင့်
ဘာစကားမှထပ်မပြောတော့ပဲ ရေငုံနှုတ်ပိတ်နေလျက်သာ...။

သို့သော်ထိုငြိမ်နေခဲ့သူလေးသည် ဧကရာဇ်ခြေလှမ်းများ၏ဦးတည်ရာကို သတိထားမိသည်နှင့် ကော့ပြန်လန်အောင်ရုန်းတော့သည်..။

"ငြိမ်ငြိမ်နေ..မင်!!..
ကိုယ်ဒေါသတွေထိန်းနေရတာနော်!!! "

"အရှင် ဘယ်လိုထင်နေလဲမသိပေမဲ့..ကျွန်တော်ရှင်းပြပေး..အ!."

စကားတောင်ဆုံးအောင်ပြောခွင်မရှိသေး ရွှေညိုရောင် ပိုးဖဲအိပ်ယာကြီးပေါ်သို့ ပစ်ချခံလိုက်ရတာကြောင့်..
နာကျင်စွာ တစ်ချက်ငြီးငြူမိသည်..။

"ကျွန်‌..ကျွန်တော် ရှင်းပြပါ့မယ်..~~"

မျက်နှာကြီးနီရဲကာ ဒေါသထွက်နေသည့် အရှင့်ကြောင့် ကုတင်ခေါင်းရင်းဘက်သို့တိုးကပ်ကာ အထစ်ထစ်အငေါ့ငေါ့နှင့်ရှင်းပြဖို့ကြိုးစားမိသည်...။
သို့သော်လည်း ပါးစပ်နှင့်ပြောနေရင်း လက်ကိုလာကိုင်အရှင့်အား တွန်းထုတ်မိသလိုဖြစ်သွားပြန်သည်..။

"ဟက်..!! ငါနဲ့ထိတွေ့ရမှာ အဲ့လောက်တောင်ရွံ့ရှာနေတာလား..!"

ထူးထူးဆန်းဆန်း ငါဟု‌သုံးနှုန်းလာသော အရှင်သည် တစ်ခါမှမမြင်ဖူးခဲ့သည့် ကြောက်မက်ဖွယ်ရာအရှိန်အဝါများနှင့်သာ..။
ထပ်ပြီးလွဲပြန်တာလား.!

ခပ်ရွဲ့ရွဲ့ရီမောလိုက်သော ရီသံတစ်ချက်သည်
ဂျီမင်၏ရင်ကိုလေးသွားစေခဲ့သည်..။ရှင်းပြဖို့ကြိုးစားကာမှ ပိုအထင်လွဲအောင် လောင်စာဖြည့်မိသွားသလို...။

"အ..!"

ကုတင်ခေါင်းရင်းတွင် တိုးကပ်ထိုင်နေသည့်ဂျီမင့်ခြေထောက်အား
ဆောင့်ဆွဲကာ အနီးရောက်လာစေပြီး အိပ်ယာပေါ်အားနဲ့
တွန်းလှဲပစ်လိုက်သူကြောင့် ကျောဘက်က အောင့်ခနဲပင်...။

❀အရှင့်ရဲ့ အဖြူရောင်ပန်းငယ်❀ (Complete)Where stories live. Discover now