🌸9🌸

5.4K 750 114
                                    

Unicode

//မင်ငယ်ပြောင်းလဲခဲ့ပြီ~//

ရူးမတက်ပဲ...!!
ရူးတာမှ ခြေချော်လက်ချော်နဲ့ တုန်ရီရီဖြစ်သွားပြီး ကိုယ့်စိတ်ကိုမထိန်းနိုင်တော့တဲ့ အထိ ရူးရူးသွပ်သွပ်...။
အသံလေးကြားရုံနဲ့ လက်ထဲက ပစ္စည်းတွေက မခိုင်တော့တဲ့အထိ...။
မော့ကြည့်လာတဲ့
မျက်နှာဖုံးလေးရဲ့ အောက်က မျက်နှာလေးကိုမမြင်ရသေးတာတောင် မြင်ရတဲ့နှုတ်ခမ်းဖူးဖူးလေးတစ်ခုနဲ့နဲ့တင် သူပျက်ခဲ့သမျှ ကမ္ဘာတွေ ပြန်ဖွဲ့စည်းနိုင်ပြီ..!!.။

ခလေးငယ်များလားဆိုတဲ့ တုန်ရီရီအတွေးကို မျက်နှာဖုံးလေးဆွဲချွတ်လိုက်တဲ့ အခါပေါ်လာတဲ့ မျက်နှာလှလှလေးက အတည်ပြုပေးခဲ့တယ်..။
'ဟုတ်တယ် မင်းစောင့်မျှော်နေသူပဲတဲ့'

အသံလေးနဲ့တင် ခြေမကိုင်မိ လက်မကိုင်မိတွေဖြစ်နေခဲ့ရတာ မျက်နှာဖူးဖူးလေးပါဖြည့်စွတ်လိုက်တော့ အရှင်လည်း မျက်ရည်တွေကို ဆည်တွေ တာတွေ ဆောက်ပြီး တားလို့တောင်မရနိုင်တော့..။
လက်ထဲမှာရှိသမျှလည်း နိုင်အောင်မကိုင်နိုင်တော့..။

ခလေးငယ်ကတော့ ခပ်တည်တည်ပင်...
အံ့ဩခြင်းမရှိ တွန့်ဆုတ်ခြင်းအလျှင်းမရှိ..ပကတိရေပြင်ညီ..။
ကမောက်ကမဖြစ်နေတဲ့ ရင်ခုန်သံတွေနဲ့ တစ်လှမ်းလှမ်းအရှေ့ကိုတိုးမိပြန်တော့လည်း မထိရဲမကိုင်ရဲ......
အရင်ကလို စိတ်ကူးပေပဲလား အိမ်မက်ပေပဲလားဆိုတဲ့ အတွေးနဲ့ ထိတွေ့ရမှာတောင်ကြောက်နေခဲ့ရတာ...။

ဖြည်းဖြည်းချင်းထိကြည့်ပြီးပျောက်ကွယ်မသွားတော့မှ အရှင် စိတ်ဒုန်းဒုန်းချပျော်ရွှင်နိုင်တော့တယ်...။
ဖြူဖွေးသည့်အသားအရည်နုနုလေးနဲ့ ပနံ့သင့်စွာ နီညိုရောင်ရင့်ရင့် နှင်းပွင့်ငယ်ကို အားနဲ့ ဖက်တွယ်မိတော့ 'အိုး..!'ဆိုတဲ့ အာမေဋိတ်သံလေးနဲ့အတူ တောင့်တောင့်လေးဖြစ်သွားလိုက်သေး...။

ပျော်တာပေါ့...!!
သူချစ်ရသူလေးကသူဆီပြန်လာပြီလေ မပျော်ပဲနေပါ့မလား.....!
ဝမ်းသာမှုကြောင့် ကျတဲ့ မျက်ရည်တွေကသက်သေပဲ..။
အသံကောင်းဟစ်ပြီး မင်ငယ်ပြန်လာပြီဆိုတဲ့စကားကို တစ်လောကလုံးကြားအောင် အော်ပစ်ချင်ပါရဲ့..။

❀အရှင့်ရဲ့ အဖြူရောင်ပန်းငယ်❀ (Complete)Where stories live. Discover now