🌸2🌸

5.8K 763 129
                                    

Unicode

//တွေ့ဆုံခဲ့သည်လား??//

"သွားဖို့အဆင်သင့်ဖြစ်ပါပြီမင်းကြီး.."

"အင်း..သူတို့ရော?.."

"မယ်တော်ကြီးနဲ့ ဒုကြင်ယာတော်တို့လည်း ဝေါယာဉ်အသီးသီးပေါ်ရောက်နေကြပါပြီ.."

"အပိုတွေ စောက်လုပ်လိုက်ရှုပ်ဦးမှာပေါ့...သွားကြစို့.."

ခန့်ညားလှသည့် ဓားအိမ်နှင့် ဓားအားကိုင်ဆောင်ကာ..အကောင်းစားပိုးထည်စိမ်းပြာနုရောင်နှင့် ခန့်ညားချင်တိုင်းခန့်ညားနေသော မင်းကြီးသည်...အနည်းငယ်စိတ်ရှုပ်နေသယောင်..။

ဘုရင်တစ်ယောက်၏ အဆောင်အယောင် အဝတ်အစားများနှင့်မဟုတ်ပဲ
အပြင်အဝတ်အစားများနှင့်မင်းကြီးက ယခုလိုကျတော့လည်း မိန်းကလေးများမျက်စိကျစရာ အိမ်တော်ကြီးတစ်ခုမှသခင်လေး တစ်ယောက်လိုပင်..။

‌အရင်က အမြဲအရောင်ရင့်များသာ ဝတ်ဆင်တတ်သော မင်းကြီးက အခုနောက်ပိုင်းတွင်တော့ သူ၏ အသည်းအသက် ကြင်ယာတော်လေးကြိုက်နှစ်သက်တတ်သည့် အရောင်နုလေးများကို ရံဖန်ရံခါ ဝတ်ဆင်ဝတ်သည်..။

လက်စွဲတော် အဖြူရောင်မြင်းကြီးဖြင့် အရှေ့မှခရီးနှင်သွားသော မင်းကြီးသည် မယ်တော်ကြီးနှင့် ဒုကြင်ယာတော်တို့ပါလာသည်ကို ခရီးကြန့်ကြာစေသည်ဟုသော အကြောင်းပြချက်ဖြင့်..
အလျင်စလိုသွားနေခြင်းသာ..

ဝေါယာဉ်ထဲတွင် နေရသည်မှာ သက်တောင်သက်သာရှိပါ့မလား သူစိတ်မဝင်စားပေ..။

နယ်စပ်ရှိ အင်ချောင်းမြို့စားကြီးထံသွားသည်ကို လိုက်ခွင့်ပြုပါဟု တောင်းပန်ခယကာ ပါလာသော ထိုနှစ်ယောက်အား ရောက်သည့်နေရာတွင် ပစ်ချထားချင်သည့်စိတ်သည်သာ တဖွားဖွား...။

မယ်တော်ကြီး၏ဆွေတော်မျိုးတော်အချို့ထို‌နေရာတွင်ရှိသည်ဟူသော ပေါက်ပန်းလေးဆယ်စကားများဖြင့် ၁၀ဆက်လောက်ခြားနေသည့်ဆွေမျိုးများအား အတင်းပြန်ဆက်နေသူများသည်..
တကယ်အရှက်မရှိသည်အလားပင်..

ထိုခရီးအားအကြောင်းပြု၍ သူတို့ယုံကြည်မှုနှင့် မျက်နှာသာပေးမှုပြန်ရစေရန်အတွက်
မျက်နှာလုပ်ရန်လိုက်ပါလာခဲ့သော်လည်း ထွက်ခါစထဲက မင်းကြီးစိတ်မကြည်တော့သည်ကိုတော့ ထိုသူနှစ်ယောက် စိတ်ဓာတ်မကျသွားစေရရန် ပြောပြမနေတော့ပါ..။

❀အရှင့်ရဲ့ အဖြူရောင်ပန်းငယ်❀ (Complete)Waar verhalen tot leven komen. Ontdek het nu