🌸5🌸

5.1K 747 93
                                    

Unicode

//Chimနှင့်ဝက်ဝံလုံးလေး//

မျက်ရည်တွေနဲ့အစပြုခဲ့တယ်~~!!
ပြန်လည်တွေ့ဆုံခြင်းဆိုတဲ့
ခေါင်းစဉ်အောက်မှာ ကဋေကဋာသော စိတ်ကူးယဉ်ပုံဖော်မှုတွေနဲ့ တစ်ညလုံးမနေနိုင်မထိုင်နိုင် အိပ်မရခဲ့တာ...။

Minငယ်ဟုတ်မဟုတ်က မသေ‌ချာသေး..
တွေးနေသည့်အတွေးတွေက ပြန်တွေ့ရင် ဘယ်လိုလေးတောင်းပန်ပြီး ဘယ်လိုလေးပြန်ချော့မယ်က အစခေါင်းထဲမှာ အကုန် အစီအစဉ်တကျ စာစီပြီးသား..။

မနေနိုင်တော့တဲ့အဆုံး
ညတွင်းချင်းကြီး ပုံတူဆွဲပြီး ယူမင်ဆိုတဲ့တစ်ယောက်က
သူ့ရဲ့ပန်းပွင့်ငယ်လေးဟုတ်မဟုတ်ကို ခြေမြန်တော်ကိုခိုင်းစေပြီး အဲ့ရွာက လူအချို့ကိုတောင် သွားမေးခိုင်းပြီးပြီ..။

ဟုတ်ပါသည်ဆိုတဲ့
ပြန်ရလာတဲ့ အဖြေလေးကြောင့်
ဘယ်လောက်တောင် အရူးအမူးပျော်နေသလဲဆို..မနက်မြန်မြန်ရောက်ချင်လို့ နံပါတ်စဉ်တွေထိုင်ရေနေပြီး စက္ကန့်တွေ နာရီတွေပါ ထိုင်မှတ်နေခဲ့တဲ့အထိ.....

အခန်းရှေ့က အသံတစ်ခုခုကြားတိုင်း
မနက်ခင်းများရောက်ပြီလား
လူသံများလားဆိုတဲ့ အတွေးနဲ့
ရာဇဣန္ဒြေမထိန်းနိုင်ပဲ ထကြည့်မိတာအခေါက်ခေါက်......
ကြင်ယာတော်ငယ်လေး ပြုစားချက်က စတွေ့ထဲကနေ အခုထိ..
လျော့မသွား တိုးသာလာသည်..။

အလင်းရောင်လေး မှိန်ဖျဖျပေါ်လာထဲက အကုန်စပြင်ဆင်နေပြီ..။
အင်း....မျက်တွင်းလေးတော့နည်းနည်း ချောင်နေသည်ပေါ့.။

ပြန်‌တွေ့ရင်ကြည့်ကောင်းနေအောင်ဆိုပြီး လဲလိုက်ရတဲ့ ဝတ်စုံတွေ ဝတ်စုံတွေဆိုတာ.......
ပါလာတာ‌တွေ အကုန်သာ
ဝတ်ကြည့်လို့ကုန်သွားတယ်
စိတ်တိုင်းကျတာက တစ်ခုမှမတွေ့လို့ စိတ်တွေလည်းတိုခဲ့ရတာ.....

လူတွေများများစားစားနိုးထလာပြီး
ပြင်ကြဆင်ကြတဲ့အချိန်မှာ
သူကအကုန်အဆင်သင့်ဖြစ်နေခဲ့ပြီးပြီ..။
မနက်စားကို ဝါးတယ်ဆိုရုံလေးဝါးပြီး ရေနဲ့မျှောချပစ်ခဲ့တာဆိုတာလေ.....
စားလို့သာကုန်သွားတယ် ဘာစားလိုက်မှန်းတောင်မသိခဲ့တာမျိုး..။

❀အရှင့်ရဲ့ အဖြူရောင်ပန်းငယ်❀ (Complete)Where stories live. Discover now