"ဟင်းးးး"

ဘတ်ဟျွန်းဟာ သက်ပြင်းကို ညည်းညည်းညူညူချလိုက်ရင်း နှုတ်ကလဲ တဗြစ်တောက်တောက် ရေရွတ်လိုက်သေးတယ်။

"အဖေ တကယ်ပဲ
ဘယ်အချိန်ထိ ဒီလို လုပ်နေဉီးမှာလဲ အမေက ပြန်မလာတော့ဘူးဆိုတာ အဖေလဲ သိတာပဲမလား
ပြီးတော့ ဒါကြီးတည်ထားပြီး ဒီလိုအိပ်ပျော်နေရင် ဒုက္ခရောက်မှာပေါ့ ..."

ဟင်းရည်အိုးကို ချရင်း ဘတ်ဟျွန်းက အဖေ့နားမှာ ထိုင်ချလိုက်တယ်။ ချန်းယောလ်က အဖေရဲ့ လုပ်လက်စ အလုပ်စားပွဲပေါ်က သင်္ဘောကြီးကို သေချာကို လှည့်ပတ်ကြည့်နေတယ်။ ဒါက အချောသတ်ဖို့ပဲ ကျန်တော့တာလို့ အဖေ မနေ့ညကမှ ဘတ်ဟျွန်းကို အရေးတယူလုပ်ပြီး ပြောခဲ့တာ။ ဘာလို့ဆို ဘတ်ဟျွန်းက သင်္ဘော captain ဖြစ်ချင်တယ်လို့ ပြောလို့ အဖေက လက်ဆောင်လုပ်ပေးနေတာမို့လို့ပဲ...

"အချောသတ်တာ ပြီးသွားပြီလား ချန်းယောလ်..."

"အာညီး နည်းနည်းကျန်သေးတယ် အရှေ့ဘက်က ပဲ့ပိုင်းထိပဲ ပြီးသေးတာ.."

"အာ.."

အဖေ့ဘကိ ပြန်လှည့်ကာ ဘတ်ဟျွန်းက အဖေ့ကို နှိုးဖို့ ပြင်လိုက်တယ်။ ဘတ်ဟျွန်းဆွဲလှုပ်ဖို့ ကိုင်လိုကိတဲ့ အဖေ့လက်တွေဟာ အနည်းငယ်သော အနွေးဓာတ်လက်ကျန်နဲ့ အေးစက်စပြုနေပြီ။ ဘတ်ဟျွန်း ယောင်ယမ်းလွှတ်ချလိုက်တဲ့ အဖေ့လက်ဟာ ကြမ်းပြင်ပေါ်ဆီ ဒေါက်ခနဲ ပျော့ကျသွားတဲ့အခါ ဘတ်ဟျွန်းဆီကို ချန်းယောလ်က အပြေးလာခဲ့တဲ့ ခြေသံ ကြမ်းကြမ်းကသာ နားထဲမှာ ပဲ့တင်သံထပ်နေတယ်။

"အဖေ"

လေပြေတိုးသံလေးလောက် ဘတ်ဟျွန်းနှုတ်က ဖွဖွရွတ်လိုက်ချိန်မှာ ချန်းယောလ်က အဖေ့လက်ကောက်ဝတ်လေးဆီ သွေးခုန်နှုန်းစမ်းနေတာ။ ဘတ်ဟျွန်း ခေါင်းထဲမှာ ဗလာကျင်းသွားတာကလွဲလို့ ပတ်ဝန်းဟာ အရင်အတိုင်းပဲ။ လေတွေလဲ ပြင်းမလာသလို မိုးတွေလဲ ညှို့မလာပါဘူး။ အရာရာဒီအတိုင်းပဲ။ ဘတ်ဟျွန်းရဲ့ မျကိဝန်းတွေ အနာဂတ်တွေသာ မှုန်ဝါးလာတယ်။

နာနာကျင်ကျင် တွေးမိတာ တစ်ခုတည်းက အဖေ့ကို ချစ်တယ်လို့ တစ်ခါမှ မပြောဖူးတာပဲ။

MINE(Completed)Tempat cerita menjadi hidup. Temukan sekarang