32

273 33 6
                                    

Zgy

Mine 32

နောက်တစ်ဖန်ညဘက်ကိုပြန်ရောက်လာပြန်တဲ့ ပင်လယ်ဒေသမှာ ဘတ်ဟျွန်းက အိမ်အိုလေးထဲမှာ ငြိမ်ငြိမ်လေးထိုင်နေတယ်။ ချန်းယောလ်ကတော့ ဘတ်ဟျွန်းနဲ့ မလှမ်းမကမ်းနေရာလေးကနေ တစ်ခုခုအကြီးအကျယ်ကို ဖုန်းပြောနေတာ။ တစ်နေကုန် ဖုန်းမကိုင်တဲ့ အကျိုးဆက်ကြောင့် ထင်ပါရဲ့။

**-**

"ချန်းယောလ် မင်းဘယ်ရောက်နေတာလဲ.."

"ဘဝတစ်ခုစာ ခိုဝင်မယ့် အရပ်ဆီမှာ"

"ပတ်ချန်းယောလ် မင်းဒါကို နောက်စရာထင်နေတာလား.."

"Sorry"

ဖုန်းထဲက ထွက်လာတဲ့ တောက်ခေါက်သံကတောင် တော်တော်လေးကျယ်လောင်နေတာမို့ အပြင်မှာဆို ဒေါသရဲ့အရှိန်က ဆိုလ်းမြို့ရဲ့ ဆောင်းတွင်းကိုတောင် အရည်ပျော်စေလောက်မလား။

"Frence ဘက်က Meeting ကို ဘယ်လိုလုပ်မှာလဲ ပတ်ချန်းယောလ်..
ကုမ္မဏ္ဍီရဲ့ Director ရာထူးယူထားပြီး မင်းအခုလုပ်လိုက်တာက ဘယ်လောက်တောင် သရုပ်ပျက်လိုက်သလဲ.."

"Mrs.Park လိုချင်ရင် ဒီနေပဲ သတင်းစာရှင်းလင်းပွဲလုပ်ပြီး နှုတ်ထွက်ပေးရမလား.."

"တောက် ...
ပတ်ချန်းယောလ် မင်းငါ့ကို ဒီလိုအကျပ်ကိုင်တိုင်း ရမယ်လို့ထင်မနေနဲ့"

"ဟွန်း  မထင်ပါဘူး.."

"၈နှစ်ကျော်ပြီ ချန်းယောလ် မင်းအခုထိ ဒါကိုပဲ အညိုးအတေးကြီးတစ်ခုလို မှတ်ပြီး နာကျင်ပြမနေနဲ့
နာကျင်ခဲ့တာ မင်းတစ်ယောက်တည်း မဟုတ်ဘူး.."

"ဟုတ်တယ် နာကျင်ခဲ့တာ ကျွန်တော်တစ်ယောက်တည်းမဟုတ်ဘူး
ဒါပေမယ့် အဲ့ဒီတုန်းက နာကျင်ခဲ့တဲ့လူတွေထဲမှာ Mrs.Park တော့မပါခဲ့ဘူးလေ.."

"ချန်းယောလ် ငါက မင်းကိုမွေးထားတာ.."

"ဟုတ်တာပေါ့
ကျွန်တော်လဲ ဖြစ်နိုင်ရင် အဖေ့တစ်ယောက်တည်းရဲ့ သားပဲ ဖြစ်လို့ရရင် ကောင်းမှာ "

"မင်းတို့ သားအဖနှစ်ယောက်စလုံးက လူပျော့လူညံ့တွေမို့လို့လေ.."

"ဟုတ်တာပေါ့ အမေ့မှာ နှလုံးသားမှ မပါခဲ့တာ.."

ချန်းယောလ် ဖုန်းချပစ်လိုက်သည်။ ဒီထက်ပိုပြီး သူ့မှာ ပြောစရာစကားလုံးတွေ မရှိတော့။ အမေလို့ခေါ်ပြီး ပြောတဲ့ စကားတိုင်းဟာ ကိုယ့်ကိုကိုယ် သတိပေးတဲ့ စကားတြွေဖစ်တယ်။ အမေဆိုတဲ့ အမျိုးသမီးဟာ ချစ်ရသူတွေကို နာကျင်စေလိမ့်မယ်။

MINE(Completed)Where stories live. Discover now