38

282 33 2
                                    

Zgy

Mine 38

ချန်းယောလ်တို့ ဆိုလ်းကိုရောက်တဲ့အချိန်ဟာ နောက်တစ်နေ့ နေ့လည် ၁ နာရီခွဲလောက်မှာဖြစ်တယ်။
ချန်းယောလ်ဘေးက အမျိုးသားလေးကတော့ ငိုလို့ဝလို့ အိပ်ပျော်သွားပြီဖြစ်တာကြောင့် ချန်းယောလ်က ကားလေးကိုရပ်လို့ စောင့်နေမိတယ်။

မနေ့က ကားပေါ်တစ်လမ်းလုံးမှာရော နားနေရတဲ့ တစ်လျောက်လုံးမှာရော ဘာမှ စားထားခြင်းမရှိတာမို့ နိုးလာရင် သေချာပေါက်ကို ဗိုက်ဆာနေလောက်မယ်။ ဒါကြောင့် ချန်းယောလ်ကအနီးအနားက ကော်ဖီဆိုင်လေးကနေ ဘတ်ဟျွန်းအတွက် အနည်းငယ်ချိုတဲ့ Cuppchino တစ်ခွက်ရယ် အသားညှပ် ဆန်းဒ်ဝှရှ် တစ်ခုရယ်ကို သွားဝယ်လိုက်တယ်။ 
ဘယ်လောက်ပဲ ဆန်းဒဝှရှ်မစားတော့ဘူးဆိုဆို ချန်းယောလ်ကတော့ မယုံပေ။ ဒီကောင်လေးလောက် ဆန်းဒဝှရှ်ကြိုက်တာ သူ့အပြင်ဘယ်သူရှိမှာမို့လို့လဲ။

မမေ့မလျော့ စီးကရက်တစ်ဘူးပါဝယ်ပေးခဲ့သေးတယ်။ စီးကရက်သောက်တာ ကြိုက်လို့တော့မဟုတ်ပေမယ့် စီးကရက်ကြိုက်သူအများစုဟာ တစ်ခုခုစားပြီးတဲ့အခါ ဖွာရှိုက်တတ်ကြတယ်ဆိုတဲ့ စစ်တမ်းကို ချန်းယောလ်ဖတ်ဖူးတာကြောင့်ဖြစ်သည်။

တကယ်ဆို အဲ့ဒ်ီနှုတ်ခမ်းရဲရဲတွေနဲ့ စီးကရက်တွေတွဲမြင်ရတာ ချန်းယောလ်တစ်ကယ်မနှစ်မြို့ဘူး။ ဒါပေမယ့်လည်း ဒါဟာ ဒီနှစ်တွေထဲမှာ ဒီအမျိုးသားလေးရဲ့ တစ်ခုတည်းသော အဖော်ပြုရာလို့ ချန်းယောလ်နားလည်ထားတဲ့နောက်မှာ တားမြစ်ဖို့ စိတ်ကူးကြည့်လို့တောင် မရခဲ့ဖူးဘူး။ နောက်များကျရင်တော့ စီးကရက်တွေက မကောင်းဘူး ဟျွန်းရဲ့ ဆိုပြီး မုန်းရက်သူလေးကို ဆံပင်လေးဖွဖွပွတ်လို့ ဆုံးမစကားဆိုချင်ပါသေးတယ်။

ချန်းယောလ်က တစ်ယောက်တည်းကိုယ့်အတွေးနဲ့ကိုယ် ပြုံးမိရသေးတယ်။ ဒီရက်ပိုင်းတွေ စိတ်တွေ အတိုင်းမသိရွှင်ပြနေတာ ဗြောင်ဘတ်ဟျွန်းဆိုတဲ့ အမျိုးသားလေးကြောင့်သာ ဖြစ်တယ်ဆိုတာ ဆန်းစစ်စရာမလိုတဲ့ သေချာမှုတြွေဖစ်တယ်။

တကယ်ဆိုရင် ချန်းယောလ်က သူ့ရဲ့ နာကျင်စရာအတိတ်တွေကို ဘတ်ဟျွန်းဆီပါ ကူးစက်သွားမှာ တကယ်နည်းနည်းလေးတောင် မလိုလားဘူး။ ဒါပေမယ့်လည်း နှင်းထုတွေနဲ့အပြိုင် သိပ်သည်းနေတဲ့ ဟျွန်းရဲ့မျက်ဝန်းတွေ။ ချန်းယောလ်ကို ငေးလို့ မသေချာမှုတစ်ချို့ ဖြတ်ပြေးသွားတဲ့ မျက်ဝန်းမှေးလေးတွေ။ ချန်းယောလ် တုန်လှုပ်သွားရတယ်။ ချန်းယောလ်ရဲ့ မနာကျင်လိုစိတ်ဟာ နောက်ထပ်အသစ်သစ်သော ဒဏ်ရါတွေ ဖြစ်သွားစေမှာကို သတိထားမိလာတယ်။ နဂိုတည်းက နာကျင်ဖူးပြီးသား နှလုံးသားငယ်ကို ချန်းယောလ်ရဲ့ မင်းကိုပါ မနာကျင်စေလိုလို့ပါဆိုတဲ့ အကြောင်းပြချက်နဲ့ ထပ်ပြီးဖုံးကွယ်ထားဖို့ မသင့်တော့ကြောင်း နားလည်လိုက်တယ်။

MINE(Completed)Where stories live. Discover now