5

403 57 6
                                    

Zgy

Mine 5

ကျောင်းပိတ်ရက်တွေဟာ သာမန်ပဲ ကုန်ဆုံးသွားခဲ့တယ်။ အဲ့ဒီသာမန်တွေထဲမှာ နိစ္စဓူဝ ပါလာခဲ့တာတစ်ခုက ပတ်ချန်းယောလ်ဆိုတဲ့ လူသားတစ်ဉီးပဲ ဖြစ်တယ်။
ဒီကာလတွေထဲမှာ ချန်းယောလ် ပြုံးတာ ရယ်တာ မြင်ရချိန်က လက်ချိုးရေကြည့်လို့ရတယ်။

ချန်းယောလ်က အနည်းငယ် စိတ်ပုတ်တဲ့ကလေးတစ်ယောက်လို့ ထင်တယ်။ ဘာလို့ဆို မနက်အစောကြီး နွားနို့ပို့ပေးရတာနဲ့တင် ချန်းယောလ်က ကျေနပ်ပေးလေ့မရှိဘူး။ ဘတ်ဟျွန်း ရှိတဲ့ အရပ်တိုင်းလိုလိုမှာ ချန်းယောလ်ရဲ့ အေးစက်စက်အသံလေးပါ တပါတညိးရှိနေတတ်တယ်။ အဲ့တာဘာလို့လဲဆိုရင် ဘတ်ဟျွန်းကို ခိုင်းဖို့ပဲ။

ကစားကွင်းလေးမှာ ဘတ်ဟျွန်း တခြားကလေးတွေနဲ့ ဆော့နေရင် ချန်းယောလ်က ကစားကွင်းအပေါက်ကနေ ရပ်ပြီးအော်ခေါ်တော့တာပဲ။ ပြီးရင် တကယ်အရေးမကြီးတဲ့ အရာလိုမျိုးတွေ ခိုင်းတတ်တယ်။ ဥပမာ ပန်းပင်ရေလောင်းဆိုတာမျိုးတွေ။ သူ့ဆံပင် ရေသုတ်ပေးဆိုတာမျိုးတွေ။ အဲ့ဒီလိုအခါမျိုးတွေဆို ဘတ်ဟျွန်းက မနာခံချင်ဘူး။ အထူးသဖြင့် မမဆိုဟွာ ရောက်လာတတ်တဲ့ အချိန်မျိုးဆိုရင် ဘတ်ဟျွန်းက ပေကပ်နေတတ်တယ်။ ဒါပေမယ့်လည်း ပတ်ချန်းယောလ်က အလွတ်အပေးပါဘူး။ သူ့ဒေါသကို သွားစသလိုဖြစ်သွားတတ်ပြီး ထိုအခါမျိုးတွေမှာဆို ဒေါကြီးမောကြီးနဲ့ ရောက်ချလာပြီး လက်ကောက်ဝတ်ကနေ ဆွဲခေါ်ခံရလေ့ရှိတယ်။

ပြီးရင် တစ်ယောက်တစ်ခွန်း အော်ဟစ်ရန်ဖြစ်ကြရင် သူက ဒီလိုအနိုင်ပိုင်းပါတယ်။

**အဲ့တာဆိုရင် မင်းကို တစ်ခါခိုင်းတိုင်း ဝမ်၅၀၀ ပေးထားတာဆိုတော့
မင်းတစ်ခါငြင်းတိုင်း ဝမ် ၅၀၀ တိုးတောင်းမယ်
သွားချင်သေးရင် သွားလိုက်လေ**

သူက အဲ့ဒီလိုမျိုးပဲ။ ဘတ်ဟျွန်းကို အနိုင်ကျင့်ဖို့ဆို သူ့ဉီးဏှောက်လေးက တကယ်ကို ဉာဏ်ပြေးလွန်းတယ်။ ဒါကြောင့် နောက်ဆို ဘတ်ဟျွန်းက ကစားကွင်းကနေ ဆွဲခေါ်ခံရမယ့်အစား ချန်းယောလ်အိမ်ထဲကနေပဲ ငေးကြည့်နေလိုက်တော့တယ်။ အကြွေးမြန်မြန်ကြေလေ အေးလေမလား။

MINE(Completed)Where stories live. Discover now