36

274 29 2
                                    

Zgy

Mine 36

မြူတွေထူနေတဲ့ လမ်းတစ်လျှောက်ဟာ ဒီနေ့မှပဲ ပိုပြီး ဝေဝါးနေသလား။ ထူထပ်လွန်းတဲ့ နှင်းထုတွေကြားထဲမှာ ကားလေးဟာ အဝေးပြေးလမ်းမပေါ်မှာ ရုန်းကန်နေရရှာတယ်။
မိတစ်ချက် မမိတစ်ချက်ဖြစ်နေတဲ့ ရေဒီယိုက အထစ်ထစ် အငေါ့ငေါ့နဲ့ သတင်းကြေငြာသံလေးဟာ

"ယနေ့ ဆိုလ်းတစ်ဝိုက် နှင်းမှုန်တိုင်း ကျနိုင်မည်ဖြစ်သဖြစ် အိမ်ထဲတွင်သာ လုံခြုံစွာ နေကြရန် သတိပေးနှိုးဆော်ပါတယ်"

ဟု ကြေငြာနေတယ်။ အေးခဲနေတဲ့ရာသီဥတုကြား ချန်းယောလ်က ကားကိုအရှိန်တင်လိုက်တယ်။ ကြာကြာမောင်းနေရင် လမ်းမှာ ဒုက္ခဖြစ်မှာ ဆိုးတာကြောင့် ဖြစ်ပါလိမ့်မယ်။ ဒီအခြေအနေက ဆိုလ်းကို အမြန်ရောက်ရင်ရောက် ဒါမှမဟုတ်ရင်တော့ နီးစပ်တဲ့ တည်းခိုရိပ်သာ တစ်ခုခုရှာဖို့ပါပဲ။

ဘေးဘီ ဝဲယာ တစ်ခုလုံး မှောင်မှိုင်းအုံ့ဆိုင်းနေတဲ့အခါ မီးဖွင့်ထားတာတောင် သူတို့ ရှေ့ကို တစ်တောင်စာလောက်သာ မြင်နိုင်တယ်။ ဆက်မောင်းရင် ဒါဟာ အန္တရယ်ဖြစ်တယ်။

"ချန်း...
လမ်း ဘေးချပြီးရပ်လိုက်တာ ကောင်းမယ်ထင်တယ်.."

ချန်းယောလ်က ဘတ်ဟျွန်းရဲ့ အကြံပေးစကားကို ချက်ချင်းပဲ လက်ခံကာ ကားကို လမ်းဘေးတစ်နေရာကိုချကာ ရပ်လိုက်တယ်။ ကားထဲမှာ Heater ကို အမြင့်ဆုံးထိဖွင့်ထားပေးပေမယ့် အေးခဲနေတဲ့ ဘတ်ဟျွန်းလက်တွေ နွေးမလာသေးဘူး။ ဘတ်ဟျွန်းက အရမ်းကို အေးတတ်တယ်ဆို ချန်းယောလ် ကောင်းကောင်းသိတယ်။ဒါကြောင့် ချန်းယောလ်က သူ့ရဲ့ လက်နှစ်ဖက်ကို အာငွေ့ပေးပြီး နွေးထွေးလာပြီဆိုတာနဲ့ ဘတ်ဟျွန်းလက်ကလေးကို ဆုပ်ထွေးပေးထားတယ်။ အဲ့ဒီလို အကြိမ်ကြိမ် အနွေးဓာတ်ပေးတဲ့အခါ ဘတ်ဟျွန်းလက်ကလေးဟာ အချိန်အနည်းငယ်အတွင်းမှာ နွေးထွေးလာပါတော့တယ်။

အနည်းငယ် တုန်ရီလာတဲ့ နှုတ်ခမ်းသားတွေက အဖြူရောင်ထက်ကို ဖျော့တော့လာတဲ့အခါ ချန်းယောလ်က အလွန်အမင်းစိတ်ပူလာတယ်။ ဖုန်းလိုင်းတွေတောင် မမိနိုင်တဲ့ အခြေအနေဖြစ်တာကြောင့် ချန်းယောလ်က ဘတ်ဟျွန်းရဲ့ ဖျော့တော့နေတဲ့ ပုံရိပ်လေးကို ကြည့်ကာ ကိုယ့်ကိုကိုယ်ပဲ အပစ်တင်လို့ မဆုံးနိုင် ဖြစ်နေတော့တယ်။ သူသာ ဆိုလ်းသွားဖို့ မပြောခဲ့ရင်။

MINE(Completed)Where stories live. Discover now