Zgy
Mine 39
ဘတ်ဟျွန်းလက်ဖဝါးတစ်ဖက်ကို မလွှတ်တမ်းဆုပ်ကိုင်လို့ လျှောက်လှမ်းလာတဲ့ လမ်းတစ်ဖက်တစ်ချက်ဆီမှာ အရိုးပြာအိုးလေးတွေ စီတန်းနေတယ်။ ရင်တွေတဒိန်းဒိန်းဆောင့်ခုန်လာတာကို ဘတ်ဟျွန်းနဲ့အတူ ချန်းယောလ်လဲ ကြားရနိုင်လောက်တယ်။
ခြေစုံရပ်လိုက်တဲ့ ဖန်သားပြင်တစ်ခုရှေ့အရောက်မှာ ဘတ်ဟျွန်းက ချန်းယောလ်မျက်နှာဆီ အားကိုးတကြီးမော့ကြည့်လိုက်တယ်။ ချန်းယောလ်မျက်နှာထက်က အပြုံးဖျော့ဖျော့မှာ အားပေးနှစ်သိမ့်ခြင်းတွေ အများကြီးပျော်ဝင်နေတယ်။
"အဖေဆို မင်းကိုအရမ်းသဘောကျမယ်ထင်တယ်..."
ပြုံးပြုံးလေးဆိုလာတဲ့ ပါးခြိုင့်တစ်ဖက်ဟာ အရင်ကလိုအားနဲ့အင်နဲ့ တောက်ပနေဆဲပါပဲ။
ဓာတ်ပုံထဲက ဉီးလေးကြီးဟာ ဘတ်ဟျွန်းတို့ကို ပြုံးပြနေတယ်။ မျက်ဝန်းရဲ့ လှပမှုအတိမ်အနက်တွေတူတဲ့ ထိုဉီးလေးကြီးဟာ ချန်းယောလ်လိုပဲ နူးညံ့နှလုံးသားတစ်စုံနဲ့ ဖြစ်လိမ့်မယ်လို့ ဘတ်ဟျွန်းကောက်ချက်ချလိုက်တယ်။"အဖေ...
အဖေတစ်ခါလောက် တွေ့ကြည့်ချင်တယ်ဆိုတဲ့ ဘတ်ဟျွန်းကိုခေါ်လာပြီ...
ကတိက အရမ်းကြီးကြာသွားပြီဆိုပေမယ့်
ကျွန်တော်အခုခေါ်လာခဲ့ပါပြီ..""မင်္ဂလာပါ ဉီးလေးကြီး
ဘတ်ဟျွန်းပါခင်ဗျ..."အသက်၃၀ အရွယ်အမျိုးသားတစ်ယောက်ဟာ ယောက္ခထီးလောင်းရှေ့မှာ ခြေမကိုင်မိလက်မကိုင်မိ စိတ်လှုပ်ရှားနေပုံဟာ ချစ်မြတ်နိုးဖွယ်ရာအတိ။ ချန်းယောလ်ဆီ အားကိုးတကြီးကြည့်လာတဲ့ မျက်ဝန်းညိုတွေဟာ တိမ်းမူးစရာအတိ။
အဖေသာရှိသေးရင် ပြုံးရင်းရယ်ရင်း ဘတ်ဟျွန်းကို ချစ်မဝဖြစ်နေလောက်မှာ အသေအချာပင်။
ပန်းတွေမရှိတဲ့ အရိုးပြာအိုးလေးရှေ့မှာ လက်စွပ်လေးတစ်စုံရှိတယ်။ အဖေမပေးဖြစ်ခဲ့တဲ့ မင်္ဂလာဉီးလက်စွပ်လေးဖြစ်တယ်။ အဖေသက်သေမတည်ဖြစ်ခဲ့တဲ့ ချစ်ခြင်းရဲ့သက်သေခံပစ္စည်းလေးဖြစ်တယ်။
အဖေက ပန်းတွေမကြိုက်ဘူး။ အဖေက အမေ့ကိုပဲချစ်ခဲ့ပါတယ်ဆိုတဲ့စကားကို အမေလဲ တစ်ခါမှ မကြားလိုက်ရသလို အဖေဟာ နောက်ဆုံးအချိန်အထိ အမေ့ကို ဝန်ထုပ်ဝန်ပိုးမပေးခဲ့ဘူး။ ချစ်ခြင်းတစ်ရားဟာ တစ်ဖက်ထဲကပဲ အလေးသာတဲ့အခါ ကျန်တစ်ဖက်ဟာဝန်ပိကြရတာပဲ မဟုတ်လား။
![](https://img.wattpad.com/cover/313049045-288-k800212.jpg)
YOU ARE READING
MINE(Completed)
Fanfiction**Mine** တစ်ယောက်က နာကျင်မှုကို စီးကရက်ငွေ့တွေလို ရှိုက်ထုတ်ပြစ်လိုက်တယ်🚬🚬 နောက်တစ်ယောက် ဘရန်ဒီတစ်ပုလင်းလို မြုချလိုက်တယ်🍾🍾 ဒါဆိုရင် အချစ်ဟာ ဘယ်လိုအရသာပါလဲ.....????