Description- U

1.6K 47 3
                                    

description


တန်ဖိုးကြီးပစ္စည်းအပြည့် အနက်ရောင် ဇိမ်ခံအခန်းတစ်ခုအတွင်း ခန္ဓာကိုယ်နှစ်ခုသည် ထွေးရောလိမ်ယှက်လျက် ပြင်းပြသော အချစ်တစ်ခုကို ဖော်ဆောင်နေကြသည်။

တစ်ယောက်သောသူသည်တော့ မဟုတ် ဝိဉာဏ်တစ်ခုသည် ထိုမြင်ကွင်းကို မျက်နှာလွှဲထားရင်း တိတ်တဆိတ် ပျော်မြူးနေမိသည်။
“ နောက်ဆုံးတော့ သူ ငါ့ခန္ဓာကိုယ်ကနေထွက်သွားတော့မယ် ”

သူ့နာမည်က မဟူရာမှော်......
သူမုန်းတဲ့လူက ခေါ်တာ မှော်နက်တဲ့...

သူ့ခန္ဓာကိုယ်ကို Host လို့ပြောတဲ့ လူတစ်ယောက်က သိမ်းပိုက်သွားခဲ့တယ်
သူကပြောတယ် ငါက စိတ်ပျက်စရာကောင်းလောက်အောင်သေဆုံးသွားပြီတဲ့
ငါ့ကိုယ်စား လက်စားချေပေးမယ်တဲ့
ဟင့်အင်း ငါမှ လက်စားမချေချင်တာ...
ပြီးတော့ ငါမသေသေးဘူး ငါ့ကိုယ်ငါသိတယ်
ငါ့ခန္ဓာကိုယ်ကိုလဲ မပေးလိုက်နိုင်ပါဘူး...
ငါ မရှင်သန်ချင်ပေမဲ့ သေလဲမသေချင်သေးဘူး...

ခေါင်းမာလွန်းတဲ့ငါ့ကြောင့် သူဘာမှဆက်မပြောနိုင်ခဲ့ဘူး ။ဒါပေမဲ့ ငါ သူ့ကို အနိုင်မရခဲ့ပါဘူး ...ငါ့ရဲ့စိတ်အနက်ရှိုင်းဆုံးထဲမှာ နေရင်း သူလုပ်သမျှကို ကြည့်နေခဲ့ယုံပဲ တတ်နိုင်ခဲ့တယ်

သူက ငါ့ခန္ဓာကိုယ်ကိုသုံးပြီး ငါအမုန်းဆုံးလူနဲ့လက်ထပ်ခဲ့တယ်... သူ့ချစ်သူတဲ့လေ
ပြီးတော့ ငါ့ကိုပြောသေးတယ် အဲ့လူကအပြစ်ကင်းပါတယ်တဲ့
အပြစ်ကင်းတော့ရော ဘာအရေးလဲ? ငါမုန်းတယ်လေ_
အချစ်မှာဖြစ်ဖြစ် အမုန်းမှာဖြစ်ဖြစ်အကြောင်းပြချက်မှမရှိတာ
သူကြိုက်တာ သူလုပ်နေပြီးတော့ ငါ့ကိုယ်စားလက်စားချေပေးမယ်တဲ့ ဟက်
ငါမယုံလိုက်မိတာ ကံကောင်းသွားတယ်

ဒီသုံးနှစ်တာအတွင်း ငါဘယ်လောက်တောင်စိတ်ပျက်ခဲ့ရလဲ ငါပဲသိတယ်
ငါ့ခန္ဓာကိုယ်ကိုသုံးပြီး လက်စားချေတယ်တဲ့
အဲ့လူ(သူလက်စားချေလိုက်တဲ့လူ) ငါ့အပေါ်မကောင်းမှန်း ငါသိတယ်
ငါပြိုလဲနေတဲ့အချိန် ရခဲ့ဖူးတဲ့ တစ်ခုထဲသော အနွေးဓာတ်လေးမို့ ငါမျက်ကွယ်ပြုထားခဲ့တာ

Hostဆိုတဲ့ မင်းနဲ့ မင်းSystemက လူလိမ်တွေ။ငါတို့လို လူဘယ်နှစ်ယောက်ကို မင်းလှည့်စားပြီးပြီလဲ

ဘာတဲ့ ငါကိုက ထူးဆန်းနေတာ...ဟုတ်လား

ငါ့စိတ်နဲ့ငါ့ခန္ဓာလေ ငါ ဘယ်သူ့ကို ချစ်ချစ် ဘယ်သူ့ကိုမုန်းမုန်း ဒါငါ့ရွေးချယ်ခွင့်လေ
မင်းလိုအပြင်လူက ဘာကိစ္စ ငါ့ကိုယ်စား ကောင်းတယ်မကောင်ဘူး ဝင်စွတ်ဖက်နေရတာလဲ

မင်းအတွက်တော့ ငါက သာမန်တာဝန်ထမ်းဆောင်စဥ် သုံးခဲ့တဲ့ခန္ဓာကိုယ်ဆိုပေမဲ့
ဒါက ငါ့ရဲ့ဘဝတစ်ခုလုံးလေ...ငါ့ဘဝ ငါ့ခန္ဓာ ငါ့ရဲ့စိတ်.......
သေမထူး နေမထူးဆိုပေမဲ့ ငါ့ရဲ့သက်တမ်းစေ့တော့ ငါနေသွားချင်တယ်လေ...
ငါခန္ဓာကိုယ်ပြန်ရတာနဲ့ အဲ့လူနဲ့ကွာရှင်းပစ်မယ်
ငါ့စိတ်ကြိုက် ငါရှင်သန်မယ်

__

အင်အားကြီး ဝိဉာဏ်တစ်ခုက သူ့ခန္ဓာကိုယ်ကို သိမ်းပိုက်သွားခဲ့တယ်
သူ့ခန္ဓာကိုယ်က သူ့အမိန့်မနာခံတော့ဘဲ အဲ့ဝိဉာဏ်ရဲ့သိမ်းပိုက်မှုအောက် ရောက်ခဲ့ရတယ်

အဲ့ဝိဉာဏ်က သူသဘောမကျတဲ့လူနဲ့လက်ထပ်ခဲ့တာကိုကြည့်နေယုံပဲတတ်နိုင်ခဲ့တယ်
သူဘာလို့ အဲ့လူကို သဘောမကျတာလဲ သူမသိဘူး ၊
အဲ့လူရဲ့အစိတ်အပိုင်းတိုင်းကိုက စိတ်ရှုပ်ဖို့ကောင်းနေတာ။  ငယ်ငယ်တုန်းက ချစ်ဖို့ကောင်းသလောက် ကြီးလေ ချဉ်လေ ရိုက်ပေါက်ဖြစ်နေတာကိုး

အဲ့လူဘဝက သနားစရာကောင်းတယ်တဲ့
အဲ့တော့ရောဘာဖြစ်လဲ သူနဲ့ဘာဆိုင်တာမို့လို့
အဲ့လူနဲ့ သူ့ခန္ဓာကိုယ် ချစ်စခန်းဖွင့်နေတာကို သူ့မှာကြည့်နေယုံပဲတတ်နိုင်ခဲ့တယ်(ဟေးဟေး ငါလဲကြည့်ချင်လွန်းလို့မဟုတ်ဘူး မြင်နေရတာ)

အခု သူတို့ထွက်သွားတော့မယ် သူဘယ်လောက်တောင်ပျော်နေလဲ ဘုရားပဲသိတယ်
သူ့ခန္ဓာကိုယ်ပြန်ရတာနဲ့ ပထမဆုံး အဲ့လူနဲ့ကွာရှင်းပစ်မယ်

ဒါပေမဲ့ ဗရုတ်သုက္ခစုံတွဲက သူ့အတွက် တွင်းနက်နက် တူးထားပေးခဲ့လိမ့်လို့ ဘယ် ထင်ထားခဲ့မလဲ ?

#ဟီးဟီး တစ်ခုဆုံးခါနီးရင် အသစ်တစ်ခုစလိုက်ရမှ ကျေနပ်တဲ့မြူရဲ့ အကျင့်အတိုင်း အသစ်လေး~
''Hostထွက်ခွာသွားပြီးနောက် ငါတို့ရဲ့အချစ်ဇာတ်လမ်း စတင်ခဲ့တယ်''
M-pregလေးပါ ~deep feelingတွေနဲ့~ ဘယ်လိုတွေခံစားသက်ဝင် ​ကြမလဲစောင့်ကြည့်ပေးပါနော်
ဒါနဲ့ မဟူရာမှော်ရဲ့ 'မှော်'ဆိုတဲ့ အဓိပ္ပါယ်က 'ရတနာမှော်'ရဲ့ မှော်ပါ! ရတနာတွေ ထွက်တဲ့နေရာကိုခေါ်တာ~
#ချစ်သောမြူ

After the host was gone, our love story beganWhere stories live. Discover now