ချစ်ခြင်းတွေသာစစ်မှန်ခဲ့ပါလျှင်

3.4K 191 18
                                    

  " ချစ်ခြင်းတွေသာစစ်မှန်ခဲ့ပါလျှင် "
ကတော့ ပြီးဆုံးသွားပါပြီ။ရသမြောက်အောင်မရေးနိုင်ခဲ့မှန်းတော့ ကိုယ့်ဟာကိုယ်သိပါတယ်။ ကိုယ်တိုင်လည်း အားမရပါဘူး။ အစက အသိက သူ့ရဲ့ficကို ဘာသာပြန်ပါလားဆိုတော့ ဘာသာပြန်တစ်ခုခုကြိုးစားကြည့်ချင်စိတ်ရှိနေတာနဲ့ လက်ခံလိုက်တယ်။ဒါမယ့် ဖတ်လိုက်တဲ့အခါမှာ adult scene တွေအရမ်းပါနေတဲ့အပြင် အကြိုက်နဲ့မကိုက်တော့ တစ်ခုလုံးကိုဘာသာပြန်ဖို့ကိုစိတ်မဝင်စားတော့ဘူး။အဲ့တာနဲ့ သူငယ်ချင်းကိုလည်းပြောပြီးပြီဆိုတော့ တစ်ခုလုံးကိုအသေးစိတ်ဘာသာပြန်ဖို့ထက် ကိုးကားပြီးကိုယ့်ဘာသာဇာတ်လမ်းတစ်ပုဒ်ရေးဖို့ကိုပဲ စိတ်အားထက်သန်တာနဲ့ ရေးမိလိုက်တာပါ။ကြိုတင်တွေးမိထားတာမရှိပဲ ရုတ်တရက်ထလုပ်လိုက်ရတော့ တော်တော်မကောင်းဖြစ်သွားမှန်းတော့သိပါတယ်။ လုပ်လက်စဆိုတော့လည်း အဆုံးသတ်ချင်တာနဲ့ပဲ အဆုံးထိ ရှိသမျှအကြံပေါင်းစုံထုတ်သုံးလိုက်ရပါတယ်။ တစ်နေ့တစ်ပိုင်း upတာဆိုတော့ ပိုတောင်အလောကြီးရပါသေးတယ်။ ဒါကဇာတ်လမ်းရေးဖြစ်ပုံပါ။ ဇာတ်လမ်းကိုမလိုအပ်ပဲအရှည်ဆွဲတာတွေ၊ကဗျာဆန်ဆန်နုနုရွရွတွေမဖွဲ့နွဲ့တတ်ပဲ နားလည်လွယ်တဲ့စကားလုံးတွေကို ရှင်းရှင်းလင်းလင်းပဲရေးတတ်တာမို့ တစ်ချို့က ကြိုက်ချင်မှကြိုက်ပါလိမ့်မယ်။အမြဲ ဒီလိုပဲရေးခဲ့တာပါ။ဒီ ficကတော့ ရေးခဲ့သမျှထဲမှာ စိတ်ကျေနပ်မှုအနည်းဆုံးပါပဲ။ ဘာဖြစ်ဖြစ် ဖတ်ပြီးအားပေးပေးလို့ကျေးဇူးတင်ပါတယ်။ နောက်ပိုင်းတွေမှာ ဒီ့ထက်ကြိုးစားသွားပါ့မယ်။တစ်ဦးတစ်ယောက်ချင်းစီတိုင်းကို ကျေးဇူးတင်ပါတယ်။ ဘာသာပြန်ကိုလည်း တစ်နေ့ လုပ်ဖြစ်အောင်လုပ်ဦးမှာပါ။

                ++++++++++++

" ခ်စ္ျခင္းေတြသာစစ္မွန္ခဲ့ပါလွ်င္ "
ကေတာ့ ၿပီးဆုံးသြားပါၿပီ။ရသေျမာက္ေအာင္မေရးနိုင္ခဲ့မွန္းေတာ့ ကိုယ့္ဟာကိုယ္သိပါတယ္။ ကိုယ္တိုင္လည္း အားမရပါဘူး။ အစက အသိက သူ႕ရဲ႕ficကို ဘာသာျပန္ပါလားဆိုေတာ့ ဘာသာျပန္တစ္ခုခုႀကိဳးစားၾကည့္ခ်င္စိတ္ရွိေနတာနဲ႕ လက္ခံလိုက္တယ္။ဒါမယ့္ ဖတ္လိုက္တဲ့အခါမွာ adult scene ေတြအရမ္းပါေနတဲ့အျပင္ အႀကိဳက္နဲ႕မကိုက္ေတာ့ တစ္ခုလုံးကိုဘာသာျပန္ဖို႔ကိုစိတ္မဝင္စားေတာ့ဘူး။အဲ့တာနဲ႕ သူငယ္ခ်င္းကိုလည္းေျပာၿပီးၿပီဆိုေတာ့ တစ္ခုလုံးကိုအေသးစိတ္ဘာသာျပန္ဖို႔ထက္ ကိုးကားၿပီးကိုယ့္ဘာသာဇာတ္လမ္းတစ္ပုဒ္ေရးဖို႔ကိုပဲ စိတ္အားထက္သန္တာနဲ႕ ေရးမိလိုက္တာပါ။ႀကိဳတင္ေတြးမိထားတာမရွိပဲ ႐ုတ္တရက္ထလုပ္လိုက္ရေတာ့ ေတာ္ေတာ္မေကာင္းျဖစ္သြားမွန္းေတာ့သိပါတယ္။ လုပ္လက္စဆိုေတာ့လည္း အဆုံးသတ္ခ်င္တာနဲ႕ပဲ အဆုံးထိ ရွိသမွ်အႀကံေပါင္းစုံထုတ္သုံးလိုက္ရပါတယ္။ တစ္ေန႕တစ္ပိုင္း upတာဆိုေတာ့ ပိုေတာင္အေလာႀကီးရပါေသးတယ္။ ဒါကဇာတ္လမ္းေရးျဖစ္ပုံပါ။ ဇာတ္လမ္းကိုမလိုအပ္ပဲအရွည္ဆြဲတာေတြ၊ကဗ်ာဆန္ဆန္ႏုႏု႐ြ႐ြေတြမဖြဲ႕ႏြဲ႕တတ္ပဲ နားလည္လြယ္တဲ့စကားလုံးေတြကို ရွင္းရွင္းလင္းလင္းပဲေရးတတ္တာမို႔ တစ္ခ်ိဳ႕က ႀကိဳက္ခ်င္မွႀကိဳက္ပါလိမ့္မယ္။အၿမဲ ဒီလိုပဲေရးခဲ့တာပါ။ဒီ ficကေတာ့ ေရးခဲ့သမွ်ထဲမွာ စိတ္ေက်နပ္မႈအနည္းဆုံးပါပဲ။ ဘာျဖစ္ျဖစ္ ဖတ္ၿပီးအားေပးေပးလို႔ေက်းဇူးတင္ပါတယ္။ ေနာက္ပိုင္းေတြမွာ ဒီ့ထက္ႀကိဳးစားသြားပါ့မယ္။တစ္ဦးတစ္ေယာက္ခ်င္းစီတိုင္းကို ေက်းဇူးတင္ပါတယ္။ ဘာသာျပန္ကိုလည္း တစ္ေန႕ လုပ္ျဖစ္ေအာင္လုပ္ဦးမွာပါ။

 
                ++++++++++++

ချစ်ခြင်းတွေသာ စစ်မှန်ခဲ့ပါလျှင်... <Complete>Where stories live. Discover now