အခန်း ၁၀ [U+Z]

3.7K 338 9
                                    

    ခင်ပျိုမူ၏ဖြတ်သန်းလာပြီးသော ဘဝသက်တမ်းတစ်လျှောက် ဒီအချိန်သည်သာလျှင်အပျော်ဆုံးဟုဆိုလျှင်မှားနိုင်မည်မထင်။အမေဆုံးသွားပြီးနောက်ပိုင်းခင်ပျိုမူအား ထမင်းဟင်းချက်ကျွေးသော ဒုတိယလူမှာ ခင်ပျိုမူ၏ရှိသမျှတို့စွန့်လွှတ်ကာ ချစ်ရပါသည်ဆိုသော မြတ်လေးသွယ်ဖြစ်နေခြင်းက ဘာနဲ့မှလဲမရနိုင်သော ကျေနပ်မှုတစ်မျိုးပင်ဖြစ်သည်။

" စားလေဒေါက်တာကြီး။စားမကောင်းဘူးလား "

" ကောင်းပါတယ်။မင်းချက်တတ်သားပဲနော် အိမ်မှုကိစ္စလုပ်တတ်မယ်မထင်ထားဘူး "

" ငယ်ငယ်ကဆင်းရဲတယ်လေ။ဆင်းရဲတဲ့အိမ်ကသားသမီးတွေဟာ အိမ်မှုကိစ္စတွေကို အစောကြီးလုပ်ကိုင်တတ်ကြတယ်။ဒီတော့ကျွန်မလုပ်တတ်တာလည်းမထူးဆန်းပါဘူး "

" တို့အိမ်ကလည်းဆင်းရဲခဲ့ပါတယ်။မင်းအရွယ်မှာတောင် "

ခင်ပျိုမူ စကားရပ်သွားသည်။မြတ်လေးသွယ်အရွယ်မှာ ခင်ပျိုမူမှာ ဘဝရဲ့အထုအထောင်းကို ကောင်းကောင်းသိနားလည်ခဲ့ရပြီး လူတို့၏လူမပီသသော စိတ်ဓာတ်တွေကိုလည်း ခါးစီးခံခဲ့ရသည်။

" တို့ မင်းဒီအရွယ်မှာ ဒီကိုထွက်ပြေးလာခဲ့ရတာ "

ဘာကြောင့်လဲဟုမြတ်လးသွယ်ကမမေးချေ။မေးပြန်ရင်လည်း ခင်ပျိုမူ ဖြေ၊မဖြေ မသိ။

" နောက်နေ့တွေလည်း ကျွန်မပဲထုပ်လာခဲ့မယ်နော်။ထမင်းစားချိန်ကျွန်မကိုစောင့်နေ။ဒေါက်တာကြီးအလုပ်မပြီးသေးရင်လည်း ကျွန်မစောင့်နေမယ် "

" မနက်အစောထနေရမှာပေါ့ ညခင်းဂျူတီကျပြန်ရင်လည်း အဆင်ပြေမယ်မထင်ဘူး "

" ဒါဆိုလည်းအတူတူအပြင်ထွက်စားကြတာပေါ့။အဓိက က ဒေါက်တာကြီး အချိန်မှန်ထမင်းစားဖို့ပဲ။အသက်ကြီးနေပြီ ကျန်းမာရေးဂရုစိုက်ရမယ် "

" အဲ့ဒီအသက်ကြီးတယ်ဆိုတာကိုထည့်မပြောပါနဲ့ ရှိခိုးဆိုရှိခိုးလိုက်ပါ့မယ် "

ဒေါက်တာမြတ်လေးသွယ်က ပြုံးရယ်ကာ ထမင်းချိုင့်ကိုသေချာစွာထုပ်ပိုးပြီးရုံးခန်းထဲမှထွက်သွားလေသည်။

ချစ်ခြင်းတွေသာ စစ်မှန်ခဲ့ပါလျှင်... <Complete>Место, где живут истории. Откройте их для себя