အခန်း ၁ [U+Z]

9.3K 471 2
                                    

    Operation Roomတစ်ခုလုံးတိတ်
ဆိတ်နေသည်။သူနာပြု၊အကူခွဲစိတ်ဆရာဝန်များက သူတို့၏ခေါင်းဆောင် ခွဲစိတ်‌နေမှုကို အာရုံစိုက်ကာကြည့်နေကြသည်။‌မည်သူမျှအသံမထွက်ရဲကြ။အသံထွက်ရင် ဘာဖြစ်သွားမလဲဆိုတာ သူတို့သိနေသောကြောင့်ပင်။

နှလုံးအစားထိုးကုသမှုကိုအကြိမ်ပေါင်းမရေမတွက်နိုင်အောင် လုပ်ပြီး၍ သူမအတွက် အလွယ်လေးဖြစ်ပေမယ့်လည်း အာရုံတစ်ချက်လွင့်သည်နှင့် မှားသွားနိုင်သည်မို့ အမြဲသတိထားရသည်။လူနာ၏အသက်သည် သူမအပေါ်တွင် မူတည်သည်မဟုတ်လား...။

“ မမြင့် ”

ဆရာဝန်၏ခေါ်သံကြောင့် သူနာပြုဆရာမ မမြင့်ကအသင့်အနေအထား ‌နေလိုက်သည်။

“ အပ်ချည်ကြိုး ”
“ ဖြတ် ”

အသံတစ်ပြိုင်ထဲထွက်လာပြီးနောက် လက်ထောက်ခွဲစိတ်ဆရာဝန်တင်ဦးက သူ့အလုပ်သူလုပ်ကာ ခွဲစိတ်မှုကို အဆုံးသတ်လိုက်သည်။

ရှစ်နာရီနီးပါကြာမြင့်သည့် ခွဲစိတ်မှုပြီးတဲ့နောက် ခွဲခန်းမှ အသီးသီးထွက်လာကြသည်။ဒေါ်ခင်ပျိုမူက သူမ၏ရုံးခန်းထဲသို့ပြန်လာခဲ့သည်။အခန်းထဲရောက်ရောက်ချင်း ဆိုဖာပေါ်သို့ လှဲချလိုက်တော့သည်။

တစ်စုံတစ်ယောက်က သူမ၏ကိုယ်ကို အတင်းလှုပ်ယူနေတာကြောင့် မျက်
လုံးကိုအသာလေး ဖွင့်ကြည့်လိုက်သည်။သူမ၏ အချစ်ဆုံးသူငယ်ချင်းလည်းဖြစ်၊အတွင်းရေးမှူးလည်းဖြစ်သည့် ဟေမာန်က သူမအားကြည့်နေသည်။

အတန်ကြာအိပ်ပျော်သွားမှန်းသိလိုက်သည်။

“ ဒေါက်တာ ထတော့လေ ”

“ နေပါဦးကွာ။တစ်ကယ်ပင်ပန်းနေလို့ပါ ခွဲစိတ်မှုကနှစ်ခုဆက်တိုက်လုပ်ထားရတာ။ခဏလောက်ထပ်အိပ်ဦးမယ် ”

“ အိပ်ချင်ရင်အိမ်ပြန်လိုက်လေ ”

“ တော်ပြီ ဒီမှာပဲအိပ်မယ် အဆင်ပြေတယ် ”

“ နင်သေချာလား ”

သူငယ်ချင်းအကြောင်းသိသူမို့ ခပ်မြန်မြန်ပင်လက်လျှော့လိုက်သည်။နားညီးမခံနိုင်။

“ အိုကေ အိုကေ။ ငါအိမ်ပြန်မယ် ”

မနက်ခင်းနေရောက်ခြည်နွေးနွေးက အခန်းပြတင်းပေါက်မှတဆင့် မျက်နှာဆီသို့ တိုးဝင်လာသည်။မျက်လုံးကို မဖွင့်ချင်၊ဖွင့်ချင်ဖြင့် အတင်းဖွင့်လိုက်သည်။

ချစ်ခြင်းတွေသာ စစ်မှန်ခဲ့ပါလျှင်... <Complete>Donde viven las historias. Descúbrelo ahora