အခန်း ၉ [U+Z]

3.6K 327 12
                                    

   ဒီမနက် လန်းလန်းဆန်းဆန်းရှိသည်။အိပ်ရာနိုးတော့မြတ်လေးသွယ်ကမရှိတော့။ညက‌အကြောင်းပြန်တွေးမိတော့စိတ်ကနွေးနွေး၊နှလုံးကခုန်ခုန်။

ဆေးရုံကိုရောက်တော့ လူတွေက မသိ
မသာ ကြည့်ကာ တီးတိုးစကားပြောနေကြသည်။မူမမှန်သည်ကို သိသော်
လည်းဘာမှန်းမရေရာသည်မို့ ရုံးခန်းသို့သာ လာခဲ့သည်။

" ဒေါက်တာ ပြဿနာတက်ပြီ။ဒေါက်တာက သူဌေးတွေဆီက ငွေအများကြီးယူပြီး ဘက်လိုက်တယ်ပြောနေကြတယ် "

" ဘယ်ကကြားလာတဲ့သတင်းလဲဟေမာန်"

" ဘယ်ကထွက်လာတဲ့သတင်းမှန်းကိုမသိတာဒေါက်တာ။ဆရာဝန်တွေကြားထဲမှာ ပွနေတာပဲ လူနာတွေကလည်း ဒေါက်တာ့ကိုပြောနေကြတယ် "

ဒေါက်တာခင်ပျိုသက်ပြင်းချလိုက်သည်။တစ်ကယ်ပင် အသက်တိုတော့မည်ထင်သည်။ပြဿနာများကတစ်ခုပြီးတစ်ခု မပြီးဆုံးနိုင်။

အခန်းထဲတွင် ‌တတောက်တောက်အသံများသာကြားနေရသည်။ဒေါက်တာခင်ပျို တစ်နေ့လုံး ငြိမ်ကာ ရုံးခန်းပြင်မထွက်။စားပွဲကိုခေါက်နေသော ဘောပင်အား စားပွဲပေါ်သို့ ချလိုက်သည်။

" ဘယ်သူကဒီသတင်းကိုဖွတာလဲ "

ဒီအကြောင်းကိုသာ တစ်နေ့လုံးစဉ်းစားနေခဲ့သည်။နာမည်ပျက်ကို သူရှင်းနိုင်သည် ဒါကဒီလောက်အရေးမကြီး။အဓိကက ဘယ်သူက ခင်ပျိုမူကို သိက္ခာကျစေချင်တာလဲဟူသောမေးခွန်းကသာ အရေးကြီးသည်။

ဒေါက်တာထိန်လင်းဟုထင်သလို ဒေါက်တာတင်ဦးဟုလည်း သူထင်သည်။ခင်ပျိုမူ၏ နံဘေးတွင် ရန်သူတွေများလာပြီ။ခင်ပျိုမူအတွက်တော့ ကိစ္စမရှိ။တုံးတိုက်တိုက် ကျားကိုက်ကိုက် နေတတ်သလိုနေနိုင်သည်။ခက်တာက မြတ်လေးသွယ်။မြတ်လေးသွယ်ကို အနားခေါ်ထားမိတာ မှားပြီလားဟု သံသယဝင်မိသည်။
မြတ်လေးသွယ်ထိခိုက်မှာကို မလို
လား။

တနေကုန် ရုံးခန်းထဲ ထိုင်ကာ တွေးတောနေရသည်မို့ အညောင်း
အညာပြေ အပြင်ထွက်လာခဲ့သည်။

" ဒေါက်တာခင်ပျိုမူက ဒီလိုနဲ့ချမ်းသာလာတာထင်တယ်နော် "

" အေ ငါအစထဲကထင်တော့ထင်သား။မာနကခပ်ကြီးကြီး ဘယ်လိုပဲကြိုးစားကြိုးစားပေါ့ ဆေးရုံရဲ့ဒါရိုက်တာဖြစ်လာပြီး နှလုံးဌာနရဲ့ကြီးကြပ်ရေးမှုးအဆင့်ဆိုတာ နည်းလား နောက်ကွယ်မှာတစ်ခုခုရှိလိမ့်မယ်လို့ထင်သားပဲ "

ချစ်ခြင်းတွေသာ စစ်မှန်ခဲ့ပါလျှင်... <Complete>Where stories live. Discover now