အခန်း ၈ [U+Z]

3.7K 347 14
                                    

    ခွဲစိတ်ခန်းဝင်လျှင် အတိတ်ကို‌တွေးမိကာ ကြောက်ရသည်။ဆရာဝန်မလုပ်တော့ဟုတောင် လက်လျှော့ခဲ့ရသည်အထိဖြစ်ခဲ့သည်။သို့သော်လူနာတွေကိုမြင်သည့်အခါ တွေဝေရပြန်သည်။အမေက သူ့မိတ်ဆွေတွေကို ကျွန်မသမီးကဆရာဝန်မကြီးလေ ဟုကြွားသည့်အခါတိုင်း တစ်ယောက်ထဲ မျက်ရည်ကြိတ်ကျခဲ့ရသည်။ထိုသို့သော် ညပေါင်းများစွာကို လွန်ပြီးနောက် ခင်ပျိုမူသည် အနိုင်ကျင့်ခံရသော ဆရာဝန်ပေါက်စ ခင်ပျိုမူမှ ရွင်ကြည်သာဆေးရုံ၏ဒါရိုက်တာတစ်ဖြစ်လည်း နှလုံးခွဲစိတ်ဆရာဝန်မကြီးဒေါက်တာခင်ပျိုမူဖြစ်လာရသည်။

တွေးမိသော နာကျင်စရာအချိန်ကာလများကို သတိရကာ ကျလာသောမျက်ရည်တို့ကို လက်ဖဝါးဖြင့် ဖြေးဖြေးသုတ်လိုက်သည်။အခုတော့ ဒေါက်တာခင်ပျိုမူကို ဘယ်သူကမှအနိုင်ကျင့်၍မရတော့ပေ။

“ ဒေါက်တာ ဒီမှာကော်ဖီနော် ”

“ ချထားခဲ့လေ ဟေမာန် ”

“ ဘာလို့မျက်နှာမကောင်းတာလဲ ”

“ ဒေါက်တာထိန်လင်း ဆေးရုံမှာရောက်နေပြီ ”

“ ထင်တော့ထင်သားပဲ။ဆေးရုံအုပ်နဲ့စကားပြောနေထဲက ခန့်မှန်းထားပြီးသား။ဌာနမတူတာကိုပဲကျေးဇူးတင်ရမယ်။နင်ရှောင်လို့ရတာပေါ့ ”

“ ငါကနစ်နာသူပါဟေမာန်။ငါကဘာလို့ရှောင်နေရတာမှန်းကိုမသိတော့ဘူး ငါ့ကိုယ်ငါ သိပ််ပြီးသတ္တိရှိလှပြီထင်တာ တစ်ကယ်တော့ငါက ဒီတိုင်းပမွှားလေးတစ်ကောင်သာသာပဲ ”

“ မြတ်လေးသွယ်နဲ့ရောအဆင်ပြေရဲ့လား ”

“ သူကဒေါက်တာထိန်လင်းနဲ့သိနေတယ်တဲ့ဟေမာန်။နင်ပြောကြည့်စမ်းပါ ငါ့ရဲ့လမ်းဟာတစ်ကယ်ပဲ မှားနေပြီလား ”

“ အဲ့တာတော့ငါသေချာမသိဘူး ဒါမယ့် ဒေါက်တာတင်ဦးနဲ့ဒေါက်တာမြတ်လေးသွယ်ကအတွဲမပြတ်သေးဘူး။ဆေးရုံမှာအမြဲတွဲတွေ့နေရတယ် ”

“ ငါလည်းတွေ့ပါတယ်ဟေမာန်ရယ်။ငါလည်းမျက်စိနဲ့ပါ သူတို့ဒီလောက်ထင်ပေါ်အောင်နေပြနေတာ ငါမကြားပဲမမြင်ပဲနေမလား။ဆေးရုံတစ်ခုလုံးကလည်း သူတို့နှစ်ယောက်က သေချာပေါက်တွဲနေကြတယ်လို့ပြောနေကြတာ ”

ချစ်ခြင်းတွေသာ စစ်မှန်ခဲ့ပါလျှင်... <Complete>Where stories live. Discover now