အခန်း ၆ [U+Z]

3.8K 338 14
                                    


ပြောမယ့်စကားကိုမပြောပဲ အချိန်တော်တော်ကြာထိရပ်နေသော ဟေမာန့်ကို ကျစ်တစ်ချက်စုပ်ကာ ကြည့်လိုက်သည်။

“ ဟေမာန် ပြောမှာဖြင့်လည်းပြော။ငါမအားဘူးဆိုတာ နင်ကပိုသိမှာပဲ ”

ဟေမာန်၏မျက်လုံးတို့ကမတည်ငြိမ်။‌ဒေါက်တာခင်ပျိုမူကိုကြည့်လိုက်၊အပြင်ဘက်ကိုငေးကြည့်လိုက်နဲ့ စားပွဲရှေ့ရပ်နေသည်မှာ အတော်ကြာနေပြီဖြစ်သည်။

“ ငါတစ်ကယ်စိတ်တိုလာပြီနော်။နင်ကငါ့ရှေ့ကနေအဲ့လိုရပ်နေတော့ အလုပ်ထဲ အာရုံစိုက်လို့မရဘူးလေဟာ ”

“ ဒေါက်တာထိန်လင်း ရန်ကုန်ပြန်ရောက်နေပြီ ”

“ ဘာ”

မတည်ငြိမ်မှု‌တွေကကူးစက်တတ်သည်ထင်၏။ဒီတစ်ခါ ဆောက်တည်ရာမရဖြစ်ရသူမှာ ဒေါက်တာခင်ပျိုဖြစ်နေသည်။

“ မနက်က ဆေးရုံလာတော့ ဆေးရုံရှေ့မှာ ဆေးရုံအုပ်နဲ့စကားပြောနေတာတွေ့လိုက်တယ် ”

“ သူ...ဒီဆေးရုံကိုမလာလောက်ပါဘူးနော်”

ဟေမာန်က သူလည်းမသိဘူးဆိုသည့်သဘောဖြင့် ခေါင်းရမ်းပြသည်။

“ တစ်ဌာနထဲမဟုတ်ဖို့ပဲ ”

“ သူကအထွေထွေမလား။နှလုံးခွဲစိတ်တော့ မကျလောက်ဘူးထင်တယ် ”

ဒီဆေးရုံကိုမလာပါစေနဲ့လို့ မသိစိတ်က အလိုလိုဆုတောင်းမိပြီးသားဖြစ်ရသည်။
ဆေးရုံမှာဆိုရှောင်လို့ရသည်၊ဌာနတူလျှင်တော့ ဘယ်လိုပဲဖြစ်ဖြစ် တွေ့ကိုတွေ့နေရမည်။သက်ပြင်းတစ်ချက်ကို ခပ်ကြာကြာ ချကာ တွေဝေနေမိသည်။

“ ငါအသက်တိုတော့မယ်ထင်တယ်။ခုတလော သက်ပြင်းတွေခဏခဏချနေတာပဲ ”

ဟေမာန်ကလည်းထိုနည်းလည်း
ကောင်းပင်။နှစ်ယောက်သား တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ မသက်မသာပြုံးမိကြသည်။

နေ့လည်စာ စားချိန်ဖြစ်သည်မို့ ဇွန်းသံခွက်သံများက ဆူညံနေသည်။လူနာရှင်များ၊သူနာပြုတို့၏ ရယ်ရယ်မောမောစကားပြောသံများဖြင့်လည်း ပြည့်နေသည်။

“ ဒေါက်တာရော နေ့လည်စာဘာစားမှာလဲ ”

တစ်ခြားသူများ ထမင်းစားသည်ကို တစ်ခန်းဝင်တစ်ခန်းထွက်လိုက်ကြည့်နေသော ဒေါက်တာခင်ပျိုအား ဟေမာန်မေးလိုက်သည်။ထိုအခါမှ ဒေါက်တာခင်ပျိုက အနည်းငယ် ရဲနေသော မျက်နှာအား ဟိုကြည့်ဒီကြည့်လုပ်ကာ လည်ချောင်းရှင်းလိုက်သည်။

ချစ်ခြင်းတွေသာ စစ်မှန်ခဲ့ပါလျှင်... <Complete>Where stories live. Discover now